တပ်မတော် ထောက်လှမ်းရေး ပြုပြင်မှု

  • 18 အောက်တိုဘာ 2010
cia
Image caption မြန်မာထောက်လှမ်းရေး စီအိုင်အေ သင်တန်းတက်ခဲ့

မြန်မာနိုင်ငံမှ တပ်မတော် ထောက်လှမ်းရေး အဖွဲ့ ကို ပြုပြင် ပြောင်းလဲမှု ပြုတာနဲ့ ပတ်သက်ပြီး အမေရိကန်ရောက် ထောက်လှမ်းရေး အရာရှိ ဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် က Military Affairs Security အနေနဲ့ ပီပီပြင်ပြင် လုပ်ကိုင်နိုင်ခြင်း မရှိကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

အခြား ဝန်ကြီးဌာန လက်အောက်ခံ ထောက်လှမ်းရေး အဖွဲ့ တွေနဲ့လဲ ချိတ်ဆက်မှု မရှိရာက အပြစ်တင်ခံရ သလို၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေရဲ့ သတင်းတွေ လက်ခံရရှိ ခြင်း မရှိကြောင်းလဲ ရှင်းပြပါတယ်။

တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ရဲ့ အကြီးအကဲသစ် ဗိုလ်ချုပ် ကျော်ဆွေကို ဗိုလ်မှူးအောင်လင်းထွဋ်က နည်းပြဆရာ အနေနဲ့ သင်တန်းပေး ခဲ့ဖူးကြောင်း၊ ပို့ချခဲ့ပြီး သင်ခန်းစာ ကလွဲပြီး အခြား အတွေ့အကြုံ မရှိကြောင်း၊ ဗိုလ်မှူးအောင်လင်းထွဋ်က ပြောပါသေးတယ်။

ထောက်လှမ်းရေး အခြေခံ ပညာကိုလဲ အမေရိကန် စီအိုင်အေ အဖွဲ့က သင်ယူလာ ခဲ့တဲ့အတွက်၊ ရွေးကောက်ပွဲ ပြီးရင်လဲ အမေရိကန် စီအိုင်အေ၊ အက်ဖ်ဘီအိုင် တို့ရဲ့ ထောက်လှမ်းရေး နည်းပညာ ပုံစံပဲ သုံးဖို့ စီစဉ် ကြောင်း ကြားရပုံကို ဗိုလ်မှူးအောင်လင်းထွဋ်က ရှင်းပြပါတယ်။