ဗိုလ်ချုပ် စောလာဖွယ် နယ်ခြားစောင့်တပ် ပယ်ချ

  • 19 အောက်တိုဘာ 2010
DKBA တံဆိပ်နဲ့ တပ်သား
Image caption DKBA တံဆိပ်နဲ့ တပ်သား

DKBA တိုးတက်သော ကရင်ဗုဒ္ဓ ဘာသာ အဖွဲ့ နာယက မြိုင်ကြီးငူ ဆရာတော်ဟာ အစိုးရရဲ့ ဖိအားပေးမှုကြောင့် တပ်မဟာ ၅ တပ်မှူး ဗိုလ်နှုတ်ခမ်းမွှေး ခေါ် စောလာဖွယ်ကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့သူက နယ်ခြားစောင့်တပ် ကို လက်မခံတဲ့ အတွက် ညှိနှိုင်းမှုတ ွေမအောင်မြင်ဘူးလို့ အစည်းအဝေး တက်သူတဦးက ဘီဘီစီက ိုပြောပါတယ်။

ဗိုလ်နှုတ်ခမ်းမွှေးကတော့ တပ်ရင်း ၄ရင်းနဲ့အတူ အင်အား၄၀၀ ကျော်ရှိပြီး မြဝတီမြို့ တောင်ဖက် မှာ အခြေချနေပြီး အစိုးရဲ့ နယ်ခြားစောင့် အစီအစဉ်ကို လက်မခံတဲ့ အခြား DKBA တပ်တွေနဲ့ပူးပေါင်းနေပါတယ်။ အစိုးရကဖိအားပေးလာရင်လည်း တင်းခံမယ်လို့သိရပါတယ်။

KNU အနေနဲ့တော့ ဗိုလ်နှုတ်ခမ်းမွှေး လာပူးပေါင်းရင် လက်ခံမဲ့သဘောထား ရှိအပါတယ်။ ဒါပေမဲ့အခုအချိန်မှာ လာပူးပေါင်း နိုင်မဲ့အခြေအနေမရှိသေးဘူးလို့ ဘီဘီသတင်းထောက်က ပြောသွားပါတယ်။