မထောက်ခံတဲ့ ခလရ ၁၈ ကြံ့ခိုင်ရေး ကရန်လုပ်

  • 25 အောက်တိုဘာ 2010
ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးဆင်း
Image caption ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးဆင်း

ကြံ့ခိုင်ရေးပါတီကို မဲမပေးဘူးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တဲ့ ဟင်္သာတမြို့က ခလရ ၁၈ မိသားစုဝင် ကျောင်းသားတွေကို လူစုထားတဲ့ ကြံ့ခိုင်ရေးပါတီက ဝိုင်းဝန်းထိုးကြိတ်လိုက်တယ်လို့ တပ်မိသားစုဝင်တဦးက ဘီဘီစီကို ပြောပါတယ်။

ဒီပြဿနာကို တပ်ရင်းမှူးအပါအဝင် အားလုံးက မကြေမနပ် ဖြစ်နေကြတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ပြဿနာပို ဆိုးမလာအောင် ရဲဘော်တွေကို ထိန်းတဲ့ အနေနဲ့ တိုင်းမှူးဆီ အရင်တင်ပြဦးမယ်လို့ တပ်ရင်းမှူးက ဖျောင်းဖျ ထားရတယ်လို့ဆိုပါတယ်။

ဒီပြဿနာကြောင့် ခလရ ၁၈ တပ်ရင်းကိုရော တပ်တွင်း ကျောင်းသားတွေတက်တဲ့ ကျောင်းကိုပါ လုံခြုံရေးတွေချပြီး စောင့်ကြည့်နေရပါတယ်။

တပ်သားတိုင်း ကြံ့ခိုင်ရေးပါတီကိုမဲပေးရမယ်ဆိုတဲ့ ကက ကြည်းရဲ့ ညွှန်ကြားချက်ကို ပြီးခဲ့တဲ့အပတ်တုံးက ခလရ ၁၈ မှ အရာရှိ အရာခံတွေတပ်သားတွေက ငြင်းဆန် ရာကနေ အခုလို အပြန်အလှန်မကြေနပ်မှု တွေဖြစ်လာခဲ့ရပါတယ်။