ရှမ်းပြည်နယ် မှာ ဝန်ထမ်းတွေ ခရီးမထွက်ရ

  • 26 အောက်တိုဘာ 2010
shan
Image caption ရွေးကောက်ပွဲ အတွက် ရှမ်းပြည်နယ် မှာ ဝန်ထမ်း တွေ ခရီးသွားလာခွင့် ပိတ်ပင်

ရှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်နဲ့မိုင်းတုံ အပါအဝင် မြို့နယ် အသီးသီးက ဝန်ထမ်း အားလုံးကို ရွေးကောက်ပွဲ မပြီးခင် ဘယ်ကို မှ ခရီးမထွက်ရ လို့ တြိဂံ စစ်တိုင်း ရုံးက အမိန့် ပေးထား တယ်လို့ သိရ ပါတယ်။

ဒီညွှန်ကြားချက် နဲ့ ပတ်သက်ပြီး မိုင်းတုံက ဝန်ထမ်းတစ်ဦးကတော့ ဝန်ထမ်း အားလုံးကို မဲရုံတွေမှာ တာဝန် ပေးထားတာ ရှိတာမို့ ရွေးကောက်ပွဲ မရောက်ခင် အချိန် ကတည်းက ဘယ်ကိုမှ ခရီးမထွက်ရဘူးလို့ အမိန့်ထုတ်တာ ဖြစ်တယ်၊ အခုဆိုရင် ဝန်ထမ်းတွေ ခရီး သွားလာလို့ မရတာ ၂ ပါတ်လောက် ရှိပြီ လို့ ဘီဘီစီ ကို ပြောပါတယ်။

မိုင်းဆတ်က ဝန်ထမ်း တဦး ကလည်း ဝန်ထမ်းတွေ အားလုံး ရွေးကောက် ပွဲ အတွက် တာဝန် ကိုယ်စီ ပေးထားလို့ ရွေးကောက်ပွဲ ပြီးတဲ့ အထိ ခရီး သွားလာ ခွင့် တားမြစ် ထားတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ခု လဆန်းပိုင်း မှာပဲ မိုင်းတုံမှာ ရှိတဲ့ ကျောင်းဆရာ ဆရာမ တွေကို လည်း ရွေးကောက်ပွဲမှာ ကူညီဖို့ ဆိုပြီး ဒီလမကုန်ခင် အတွင်း သင်ရိုးညွှန်းတမ်းတွေ အပြီး သင်ကြား ပေးဖို့ ညွှန်ကြား ထားတယ် လို့လည်း ဘီဘီစီ က သိရ ပါတယ်။