ကြိုတင်မဲတွေ စတင်ကောက်ယူ

  • 30 အောက်တိုဘာ 2010
usdp_campaign
Image caption ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဲဆွယ်ပွဲ

ရွေးကောက်ပွဲ အတွက် ကြိုတင်မဲ တွေကို အောက်တိုဘာလ ၁၈ ရက်နေ့ ကတဲက ကောက်ခံယူ နေပြီဖြစ်ကြောင်း၊ ပြည်ပ ရောက်နေသူတွေ အပါအဝင်၊ ပြည်ပ ထွက်ခွာမဲ့ သူတွေပါဝင်ကြောင်း ကို ရွေးကောက်ပွဲ ကော်မရှင် တာဝန်ခံ တဦး က ဘီဘီစီ ကို ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ လွယ်လင်မြို့ မှာ မဲရုံတွေ အတွက် မဲလက်မှတ် တွေကို မဲရုံမှူးတွေက ကြိုတင် လက်မှတ်ရေးထိုးပေး လိုက်ရသလို၊ မူဆယ်မြို့ မှာဆိုရင် မဲရုံ နဲ့ မဲဆန္ဒရှင် ဦးရေ မျှတမှု မရှိရာက ဒေသခံ ရှမ်းတိုင်းရင်သား ပါတီက စိုးရိမ်မကင်း ဖြစ်နေပါတယ်။

ကချင်ပြည်နယ် ဆွမ်ပရာဘွမ် မြို့မှာလဲ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲထည်ဖို့၊ ဖိအားပေးနေ ကြောင်း၊ ကချင် ဖွံ့ဖြိုးရေး ကွန်ယက်က ဘီဘီစီကို ပြောပြပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ ဖက်မှာ၊ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ က လမ်းပြင်ဖို့ အဓမ္မ ငွေကောက်ခံမှု ရှိနေပုံ ကို ရပ်ကွက်နေ လူထုက ဘီဘီစီ ကို ရှင်းပြပါတယ်။