အာဆီယံထိပ်သီးညီလာခံ ကျင်းပတော့မယ်

  • 28 အောက်တိုဘာ 2010
Image caption အာဆီယံ နိုင်ငံတွေရဲ့ အလံတွေ ဟနွိုင်းမြို့မှာ လွှင့်ထူထားပုံ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အာဆီယံ ထိပ်သီး အစည်းအဝေးကို ဒီနေ့ စတင် ကျင်းပမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အင်အား ကြီးထွားလာမှုကြောင့် ဒေသတွင်းမှာ ပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။

ငွေလဲလှယ်နှုန်းနဲ့ ပတ်သက်လို့ တင်းမာမှု ၊ သူပိုင်ကိုယ်ပိုင် နယ်မြေဆိုင်ရာ အငြင်းပွားမှုနဲ့ မြန်မာ ရွေးကောက်ပွဲအပေါ် ဖိအားပေးဖို့ အစရှိတဲ့ ပြဿနာတွေ ရင်ဆိုင်နေရတဲ့ အရှေ့တောင် အာရှနိုင်ငံ တွေရဲ့ ခေါင်းဆောင်တွေဟာ ညီလာခံမှု ဆွေးနွေး အဖြေရှာကြမှာ ဖြစ်ပါတယ်။

အာဆီယံရဲ့ ပေါ်လစီအရ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို မစွက်ဖက် ရပေမယ့် ဒီမိုကရေစီ အင်အားကြီး နိုင်ငံတွေကတော့ နိုဝင်ဘာ ရရက်မှာ ကျင်းပမယ့် မြန်မာ ရွေးကောက်ပွဲ အပေါ် ဖိအားပေး ပြောဆိုခဲ့ကြပါတယ်။

ဒီရွေးကောက်ပွဲဟာ အများယုံကြည် လက်ခံနိုင်စရာ မရှိတဲ့ အတုအယောင် ရွေးကောက်ပွဲလို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြောဆိုတာ ခံနေရပါတယ်။