ရွေးကောက်ပွဲ ပျက်ရင် စစ်အစိုးရ ဆက် အုပ်ချုပ်မယ်

  • 1 နိုဝင်ဘာ 2010

တနင်္လာ နေ့က မြန်မာ နိုင်ငံမှာ ထုတ်တဲ့ သတင်းစာ တွေထဲ မှာ နိုင်ငံရေး ပါတီ အဖြစ် တရားဝင် ရပ်တည် နိုင်ခွင့် မရှိ တော့တဲ့ အဖွဲ့ အစည်း တချို့က လာမယ့် ရွေးကောက်ပွဲ ကို သပိတ်မှောက် ဖို့ တိုက်တွန်း နေတဲ့ အကြောင်းနဲ့ တကယ်လို့သာ ရွေးကောက်ပွဲ ပျက်ခဲ့ရင် လက်ရှိ နိုင်ငံတော် တာဝန်ယူ ထားတဲ့ အဖွဲ့ကပဲ ဆက် အုပ်ချုပ် သွားရမှာပဲ လို့ ရေးသား ဖော်ပြ ထား ပါတယ်။

Image caption ဘယ်လို ခြောက်ခြောက် မကြောက်ဘူး ဆိုတဲ့ ဦးဝင်းတင်

သတင်းစာ ထဲမှာ ရေးသား ထားတဲ့ နိုင်ငံရေး ပါတီ အဖြစ် တရားဝင် ရပ်တည် နိုင်ခွင့် မရှိ တော့ တဲ့ အဖွဲ့ ဆိုတာက အန်အယ်လ်ဒီ အမျိုး သား ဒီမို ကရေစီ အဖွဲ့ချုပ်ကို ရည်ညွှန်းတဲ့ သဘောလို့ ယူဆ နိုင်ပါတယ်။

အန်အယ်လ်ဒီ ကတော့ မြန်မာ အစိုးရ ဘက်က အခုလို ပြောဆို တာဟာ သပိတ်မှောက် ဖို့ သူတို့ ဘက်က တိုက်တွန်း ချက်က အောင်မြင်လာ တဲ့ အတွက် စိုးရိမ် လာလို့ ဖြစ်တယ်လို့ ပြော ပါ တယ်။

ပြည်သူတွေ အနေနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကိုလည်း မဲမပေးချင်၊ သူတို့ ပေးချင်တဲ့ အန် အယ်လ်ဒီ ပါတီကလည်း ရွေးကောက်ပွဲ မဝင်လို့ ဘယ် ပါတီကို မဲပေးရမှန်း မသိ ဇဝေဇဝါ ဖြစ်နေတာ မျိုး မဟုတ်တော့ပဲ သူတို့ ဘာလုပ် ရမယ် ဆိုတာ ပိုသိ လာကြ တယ်လို့ ဦးဝင်းတင် က ပြောပါတယ်။

အန်အယ်လ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက် တာက ၂၀၀၈ ခုနှစ် အခြေ ခံ ဥပဒေကို အသက် မဝင် စေချင်လို့ ဖြစ်တယ် လို့ ပြော ပါတယ်။

အခုလို ရွေးကောက် ပွဲ နီးလာ တာနဲ့ အမျှ မြန်မာ အစိုးရ သတင်းစာတွေ ထဲမှာ ရွေးကောက် ပွဲကို သပိတ် မှောက်ဖို့ စည်းရုံး လှုံ့ဆော် နေသူတွေကို အရေးယူမယ် ဆိုတဲ့ ခြိမ်းခြောက် မှုတွေ ပိုတွေ့လာရ ပေမဲ့ အန်အယ်လ်ဒီ ကတော့ ကြောက်ရွံ့မှာ မဟုတ်ဘဲ သူတို့ လုပ်စရာ ရှိတာကို ဆက်လုပ် သွားမယ် လို့လည်း ဦးဝင်းတင်က အခိုင်အမာ ပြောပါတယ်။

ရွေးကောက်ပွဲမှာ လူထု ဘယ်လောက် လာရောက် မဲပေးမှ အထ မြောက်တယ်၊ ဘယ်လောက် ပဲ လာတယ် ဆိုရင် ပျက်ပြယ် တယ် ဆိုတဲ့ ဥပဒေမျိုး ဖွဲ့စည်းပုံ အခြေခံ မှာ ဖော်ပြ ထားတာ မျိုး မရှိတဲ့ အတွက် သပိတ်မှောက်သူ များလို့ လူ ဦးရေ ဘယ်လောက် နည်းနည်းပဲ လာ ရောက် မဲထည့်ထည့် ပျက်စရာ တော့ ရှိပုံ မရပါဘူး။

လာမယ့် ရွေးကောက်ပွဲဟာ ယုံကြည် စိတ်ချ ရမှု မရှိဘူး၊ ဂုဏ်သိက္ခာ လည်း မရှိဘူး၊ အများ ပြည်သူရဲ့ ယုံကြည်မှုလည်း ရမှာ မဟုတ်ဘူး ဆိုတာ နိုင်ငံတကာက သိရှိ စေလိုတဲ့ အကြောင်း ဦးဝင်းတင်က ပြောပါတယ်။