ဗြိတိန်ဝန်ကြီးချုပ်ထံ မြန်မာတိုင်းရင်းသားစာပို့

  • 2 နိုဝင်ဘာ 2010
uk_petition
Image caption ဗြိတိန်မှ မြန်မာ တိုင်းရင်းသားဒီမိုကရေစီ အဖွဲ့ဝင်များ

ဗြိတိန် အခြေစိုက် နိုင်ငံရေး အဖွဲ့အစည်း တွေနဲ့ တိုင်းရင်းသား အဖွဲ့ ၁၄ ဖွဲ့မှ ကိုယ်စားလှယ် ခြောက်ဦးဟာ ဝန်ကြီးချုပ် ရုံးခန်း ရှိရာ အမှတ် ၁၀ ဒေါင်းနင်းလမ်း ဆီ သွားရောက်ပြီး မြန်မာ့ ရွေးကောက်ပွဲ ကို ဆန့်ကျင်တဲ့ စာလွှာပေါင်း ၆၃၂ စောင်ကို လက်မှတ် ရေးထိုး စုဆောင်းပြီး၊ ပေးပို့ကြပါတယ်။

ရည်ရွယ်ချက် ကတော့ ဗြိတိသျှ အစိုးရ က ဦးဆောင်ပြီး၊ ကုလသမဂ္ဂ နဲ့ ကမ္ဘာ့ နိုင်ငံ အသီးသီး အနေနဲ့ လာမဲ့ ရွေးကောက်ပွဲ ရလာဒ် ကို အသိအမှတ် မပြု ရေးကို တောင်းဆိုထား ကြောင်း၊ အမျိုးသားဒီမိုကရေစီ လွတ်မြောက် နယ်မြေ၊ ဉရောပ စည်းရုံးရေး ကော်မတီ တာဝန်ခံ ဒေါက်တာ ဝင်းနိုင်က ဘီဘီစီ ကို ရှင်းပြပါတယ်။

မြန်မာစစ်အစိုးရ ကို ထောက်ခံအားပေးတဲ့ အာဆီယံ၊ ရုရှ၊ တရုတ်၊အိန္ဒိယ နိုင်ငံ တွေကိုလဲ ပြည်သူကို အကျိုးမပြုတဲ့ အစိုးရ ကို မထောက်ခံ ဖို့ ဗြိတိသျှ အစိုးရ အနေနဲ့ စည်းရုံး လှုံ့ဆော်ရေး တောင်းဆို ခဲ့ကြောင်း၊ နိုင်ငံ အများအပြား အနေနဲ့လဲ မြန်မာ စစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇဝတ်မှု တွေ ကို နိုင်ငံတကာ ခုံရုံးတင်ဖို့ ကိစ္စမှာ သဘောတူညီထားကြလို့ ၊ အခု တောင်းဆို လှုပ်ရှားမှု တွေဟာ ထိရောက်မှု ရှိမယ် လို့ ယုံကြည်ကြောင်း၊ ဒေါက်တာဝင်းနိုင်က ပြောပြပါတယ်။