မယက ဥက္ကဌက ရွေးကောက်ပွဲ ကော်မရှင်ကို ကျော်ပြီး ကြိုတင်မဲတွေ ကောက်

  • 2 နိုဝင်ဘာ 2010
burma_elections
Image caption ကြိုတင်မဲ ကောက်ပုံ တွေ မူမမှန်

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်မှာ ရွေးကောက်ပွဲ ကော်မရှင် ရဲ့ လုပ်ပိုင်ခွင့် ကို ကျော်ပြီး မြို့နယ် မယက ဥက္ကဌ က ဝန်ထမ်းတွေဆီက ကြိုတင်မဲ တွေ ကောက်ယူ နေ ပါတယ်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှမောင်သိန်းက သူ့အနေ နဲ့ ဒီနေ့ နေ့လည် ၂ နာရီလောက်က မြို့နယ် ကော်မရှင် ဥက္ကဌ ကို အခုကိစ္စ ကို သွားရောက်မေးမြန်း ကြည့်တဲ့ အခါ ကော်မရှင် ဥက္ကဌ က ဒါဟာ မယက ဥက္ကဌ လုပ်တာ ကျနော်လည်း မသိဘူး လို့ ပြန်ပြော လိုက်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အခုလို နီးစပ်ရာ ဝန်ထမ်းတွေကို ခေါ်ပြီး ကြိုတင် မဲ ကောက်ခံ နေတာကို သူကိုယ်တိုင် လေ့လာတဲ့အခါ ကြိုတင် မဲပေးခဲ့ရတဲ့ ဝန်ထမ်းတစ်ဦးက သူ မဲထည့် ခဲ့ရတဲ့ အကြောင်း သူ့ကို ပြောပြ ခဲ့တယ် လို့ ဦးလှမောင်သိန်း က ဘီဘီစီ ကို ပြောပြ သွားပါတယ်။