ဂီရိ အကူအညီ ကို အကြပ်ကိုင်ပြီး ကြံ့ခိုင်ရေး ကို မဲထည့်ခိုင်းနေ

  • 3 နိုဝင်ဘာ 2010
giri
Image caption မုန်တိုင်း ဒုက္ခကြား မှာ အကြပ်ကိုင် ခံနေရ

ဂီရိ မုန်တိုင်း ကယ်ဆယ်ရေး အကူအညီ တွေကို မြေပုံမြို့နယ် မှာ ကျေးရွာ အာဏာပိုင် တွေက ကိုင်ထားပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကို မဲထည့် ဖို့ မုန်တိုင်း ဒဏ်ခံ ရွာသားတွေ ကို အကြပ် ကိုင် နေပါတယ်။

မြေပုံမြို့နယ် မှာ မုန်တိုင်း ကယ်ဆယ်ရေး အရေးပေါ် အကူအညီ တွေကို ကျေးရွာ ရယက တွေ ကနေ တဆင့် ပေးနေရပြီး ရွာ အများအပြား မှာ ရပ်ကျေး အာ ဏာပိုင် တွေ က ရွာသားတွေ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ကို မဲထည့် ဖို့ သဘောတူ မှ ကယ်ဆယ်ရေး အကူအညီ တွေ ပေးတယ် လို့ ဒေသခံ တဦး က ဘီဘီစီ ကို ပြောပါတယ်။

အရေးပေါ် အကူအညီ တွေဖြစ်တဲ့ ဆန် နဲ့ ရိက္ခာ အလှူ တွေကို အသုံးချ ပြီး မုန်တိုင်းခံ ဒုက္ခသည် တွေ အပေါ် အခုလို အာဏာပိုင် တွေ က လုပ်ဆောင် နေတာပါ။

မြေပုံ မြို့နယ် အတွင်း တချို့ ကျေးရွာ တွေ မှာ လည်း ကယ်ဆယ်ရေး အကူအညီ လာပေးသူ တွေ ကို စစ်တပ် က သူတို့ ဆီ က တဆင့် လိုအပ်သူတွေ ကို ပေးဝေမယ်၊ အပ် ပါ လို့ ဆိုနေတဲ့ အတွက် အကူအညီ ပေးရေး အစီအစဉ် တွေ ကြန့်ကြာ နေကြောင်း လည်း သိရပါတယ်။