စစ်တပ်က ရှမ်းမြောက်မှာ ပေါ်တာဆွဲပြီး သတ်ဖြတ်

  • 4 နိုဝင်ဘာ 2010

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကတော့ စစ်ဆင်ရေးကွပ်ကဲမှု ဌါနချုပ် စကခ ၂ လက်အောက်ခံဖြစ်တဲ့ မိုင်းနောင် အခြေစိုက် ခလရ ၂၈၆ က တပ်သား အင်အား ၆၀ လောက်ဟာ မြောက်ပိုင်း SSA တပ်သား တစ်ယောက်ကို ပစ်သတ်လိုက် တယ်လို့ ပစ်သတ်ခံရသူနဲ့ ဆွေမျိုးတော်စပ်သူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

Image caption စစ်တပ်ကို ရှမ်းမြောက်ဒေသခံတွေကတော့ ကြောက်လန့်နေကြပါတယ်

ဒါ့အပြင် စစ်တပ်က ပေါ်တာ ဆွဲလာတဲ့ ဝမ်ကုန်းရွာသား စိုင်းထွန်းကိုလည်း စစ်သားတွေက ပစ်သတ် လိုက်တယ်လို့ အဲဒီ ရွာသားတွေက ပြောပါတယ်။ စိုင်းထွန်းရဲ့ ဇနီးကတော့ ထွက်ပြေး လွတ်မြောက် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်ညက စို်းထွန်းတို့ လင်မယား နှစ်ယောက် ခိုလုံ ရွာဘက်က ပြန်အလာ စစ်သားတွေနဲ့ ထိပ်တိုက် တိုးပြီး သူတို့ကို ခိုလုံရွာဘက် လမ်းပြ ခေါ်အလာ လမ်းမှာ စစ်သားတွေက သေနတ်နဲ့ ပစ်လို့ စိုင်းထွန်း ထိမှန်အသွား ဇနီးဖြစ်သူက ချောင်းထဲခုန်ချ လွတ်မြောက်လာခဲ့ တာလို့ သိရပါတယ်။

အခုဆိုရင် ခိုလုံရွာ ရွာသားတွေဟာ ပေါ်တာဆွဲမှာ ကြောက်ပြီး ပုန်းအောင်း နေကြရတယ်။ ရွေးကောက်ပွဲ ကလည်း နီးလာလို့ လုံခြုံရေး အကြောင်းပြပြီး စစ်အစိုးရ ဘက်က စစ်အင်အား တိုးချဲ့လာမှာကို ဒေသခံတွေက စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

စစ်အစိုးရဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်တချို့ ဟာ စစ်ကား ၁၂ စီးနဲ့ ရှမ်းပြည် မြောက်ပိုင်း လာရှိုး၊ တန့်ယန်း၊ သိနီဘက်ကို ထပ်တိုး ချထား လာနေ တယ်လို့ လာရှိုး ဒေသခံ တွေက ပြောပါတယ်။