ဘုရားသုံးဆူ ကြိုးကြား ပစ်ခတ်မှု ရှိနေဆဲ

  • 9 နိုဝင်ဘာ 2010
Image caption ဘုရားသုံးဆူ ထိုင်း မြန်မာနယ်စပ်မြို့

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမှာ နအဖနဲ့ ဒီကေဘီအေတပ်တွေကြား တိုက်ပွဲဟာ နိုဝင်ဘာလ ၉ ရက် မနက်(၉)နာရီခွဲကနေ ညနေ(၄)နာရီထိ ကြာခဲ့ပါတယ်။၊

ဒီတိုက်ပွဲမှာ နအဖဖက်ကနေ တမြို့လုံးနေရာအနှံ့က ဒီကေဘီအေ တွေရှိနိုင်မဲ့နေရာတွေကို ပစ်ခတ်ခဲ့ပါတယ်၊၊

နာရီဝက်ခန့်တရစပ် ပစ်ခတ်ခဲ့ပြီးတဲ့နောက်မှာ ကြိုးကြားကြိုးကြား နဲ့ ညနေ (၄)နာရီအထိ ပစ်ခတ်ခဲ့ပေမဲ့ နှစ်ဖက်တပ်တွေ ထိပ်တိုက်တိုးတဲ့ တိုက်ပွဲမျိုးတော့ မဖြစ် ခဲ့ပါဘူး၊၊

ဒါကြောင့် အခုဘုရားသုံးဆူမြို့မှာ နအဖတပ်ကတဖက် ဒီကေဘီအေတပ်ကတ ဖက်နဲ့ မြို့ကိုထိမ်းထားခဲ့ပါတယ်၊၊

ဒါကိုဒီကေဘီအေတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှုးမိုရှေးကတော့ အစိုးရတပ်ဖက်မှာ ထိုးစစ်ဆင် နိုင် တဲ့အင်အားမရှိသေးလို့ အခုလိုလက်နက်ကြီးနဲ့ပဲ အားစမ်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

အဲဒီလက်နက်ကြီးတချို့ ထိုင်းနယ်စပ်ဖက်ကို ကျော်ကျတဲ့အတွက် (၉)နှစ်အရွယ်ကလေးမတဦး သေဆုံးပြီး အရပ်သားလေးဦး ဒါဏ်ရာရသွားခဲ့ပါတယ်၊၊

ဒီလိုတိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာ ဘုရားသုံးဆူမြို့တောင် ဖက်မှာရှိတဲ့ မွန်ပြည် သစ်ပါတီကလည်း သူတို့ရဲ့ တပ်တွေကိုတပ်လှန့်ထားပြီး တပ်ရင်းမှုးတွေ ကိုယ်တိုင်က တိုက်ပွဲကိုနယ်စပ်ကနေ အနီးကပ် စောင့်ကြည့်နေပါတယ်၊၊

ရွာသား တွေကတော့ အဲဒီလက်နက်ကြီးပစ်ခတ်မှုကြောင့် လူတွေ သောင်းနဲ့ချီပြီး မြို့ကနေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်၊၊-

ထွက်ပြေးတဲ့သူတွေကို ထိုင်းစစ်တပ်က နေရာချထားပေးခဲ့ပြီး အကူအညီပေးလိုတဲ့ အန်ဂျီအို အဖွဲ့ တွေအနေနဲ့ ထိုင်းစစ်တပ်တဆင့် အကူအညီပေးကြဖို့ နှိုးဆော်ထားပါတယ်၊၊

အခုစံခဘူရီမှာတော့ ယူအန် အိပ်စီအာအပါဝင်၊ အခြားအန်ဂျီအိုအဖွဲ့တွေလည်း တွေ့နေ ရပါတယ်၊၊