တိုင်းရင်းသား ဒေသ မဲအနိုင် အရှုံး

  • 10 နိုဝင်ဘာ 2010
election
Image caption ကရင် ပြည်နယ်မှာ မဲပေးစဉ်

မြစ်ကြီးနား မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် က မဲအနိုင် အရှုံး ရလာဒ်တွေ ကို သက်တိုင်ရာ ကိုယ်စားလှယ် တွေကို အသိပေးရာမှာ စာတိုက်နဲ့ ကြေးနန်း၊ ဆက်သွယ်ရေး ဝန်ကြီး၊ ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီမှ ဦးသိန်းဇော် အပြတ်အသတ် အနိုင်ရသွား တဲ့ အကြောင်း၊ ပြောပေမဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ဦးမာခါးက လုံးဝ လက်မခံနိုင်ကြောင်း ပြောပါတယ်။ ဦးသိန်းဇော်ဟာ ကြိုတင်မဲ ပေါင်း တသောင်း ကျော် ရထားပြီးတဲ့ အပေါ် မကျေနပ်လို့ ရွေးကောက်ပွဲ ကော်မရှင် ကို ကန့်ကွက်မယ် လို့ ဆိုပါတယ်။

ကရင်ပြည်နယ်မှာလဲ ကရင်ပြည်သူ့ပါတီက ၁၆ ဦးဝင်ပြိုင်ရာမှာ အခြေအနေ ကောင်းပေမဲ့ ကြိုတင်မဲ တွေ ရောက်မလာသေးလို့ ရွေးကောက်ပွဲ ကော်မရှင် က တရားဝင် စါရင်း ထုတ်မပြန်ပေးခြင်းမှာ လယ်ပြင် ဆင်သွားသလို ရှင်းနေပုံ ကို ကရင်ပြည်သူ့ ပါတီက ဒုတိယဗိုလ်မှူးကြီး ဟောင်း ဦးစောအေးကို က ဘီဘီစီ ကို ပြောပါတယ်။

ရှမ်းပြည် နမ့်ခမ်းမဲဆန္ဒနယ် အမှတ် ၂ မှာလဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကျားဖြူ က အနိုင်ရပေမဲ့၊ နောက်ထပ် ရောက်လာတဲ့ ကြိုတင် မဲပုံး တွေကြောင့်၊ ကပ်ပြီး မဲရှုံးပုံ၊ ဒါကိုပဲ ရွေးကောက်ပွဲ ကော်မရှင်က ကြံ့ဖွံ့ပါတီ နိုင်တယ် ပြောလို့ အယူခံ ဝင်မယ်လို့ ဘီဘီစီ ကို ပြောပါတယ်။