နောက်ဆုံး ရေးသားချိန် 10 နိုဝင်ဘာလ 2010 - 02:08 GMT

ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ နိုင်ပြီလို့ပြော

မြန်မာနိုင်ငံမှာ နှစ်နှစ်ဆယ် အတွင်း ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲမှာ လက်ရှိ စစ်အစိုးရက အများဆုံး ကျောထောက် နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက လွတ်တော်အတွင်းက နေရာ ၈ဝ ရာခိုင်နှုန်းကို အနိုင်ရတယ်လို့ ပြောပါတယ်။

မဲမသမာမှုတွေ နိုင်ငံတလွှား ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့တာကြောင့် ကော်မရှင်ကို တိုင်ကြားမယ်လို့ အတိုက်အခံ နိုင်ငံရေးသမား ဒီမိုကရေစီ အဖွဲ့တွေက ပြောပါတယ်။

ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးလို့ အနောက် နိုင်ငံတွေက ရှုတ်ချ ပြောဆိုနေပေမယ့် တရုတ်နဲ့ ဗီယက်နမ် အပါအဝင် ဒေသတွင်းနိုင်ငံ တချို့ ကတော့ မြန်မာ ရွေးကောက်ပွဲကို အားပေး ထောက်ခံခဲ့ကြပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။