ဘုရားသုံးဆူမှာ တိုက်ပွဲ ပြင်းထန်လာ

  • 11 နိုဝင်ဘာ 2010
Image caption မြန်မာနိုင်ငံဖက်က DKBA စခန်း

ဒီနေ့ ကြာသပတေးနေ့ မနက် ၆နာရီ လောက်ကစပြီး ဘုရားသုံးဆူမြို့ မြောက်ဖက် တောင်ဝိုင်းစခန်းနားမှာ မြန်မာ အစိုးရ စစ်တပ်နဲ့ DKBA တိုးတက်သော ဗုဒ္ဓဘာသာ

ကရင်အမျိုးသား တပ်မတော် အဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်လာတယ်လို့ သိရပါတယ်။

တဖက်နဲ့တဖက် လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပါတယ်။

မြန်မာဖက်က ပြေးလာတဲ့ ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက သေသေချာချာ နေရာချထား ပေးပေမယ့် ထွက်ပြေးလာသူတွေ များတာကြောင့် အခက်အခဲ ရှိတယ်လို့ သတင်းရရှိပါတယ်။