လူငယ်ညီလာခံတခုလုပ်ဖို့ ဒေါ်စုညွှန်ကြား

  • 16 နိုဝင်ဘာ 2010

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ရွှေဂုံတိုင် ရုံးချုပ်မှာ NLD လူငယ်များနဲ့ တွေ့ဆုံပြီး လူငယ်ညီလာခံတခု အလျင်အမြန် ပြုလုပ်ဖို့ ညွှန်ကြား ခဲ့ပါတယ်။

Image caption လူငယ်တွေကို twitter နဲ့ ဆက်သွယ်ချင်တယ် လို့ ပြောခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်က NLD လူငယ် ၆ ဦးနဲ့ တွေ့ခဲ့ပြီး တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ရှိနေတဲ့ လူငယ်တာဝန်ခံတွေအားလုံး အမြန်ဆုံး အစည်း အဝေးခေါ်ဖို့ ညွှန်ကြားချက်ပေးခဲ့တယ်လို့ NLD လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ မဖြူဖြူသင်းက ပြောပါတယ်။

NLD လူငယ်တွေအပြင် NLD အဖွဲ့ဝင် မဟုတ် တဲ့ အခြားလူငယ်တွေကိုလည်း စုစည်းပြီး အစည်းအဝေးတွေခေါ်ဖို့ ဒေါ်အောင်ဆန်း စုကြည်က ညွှန်ကြားဆွေးနွေး ခဲ့တယ်လို့ မဖြူဖြူသင်းက ဘီဘီစီကို ပြောပါတယ်။