တပ်သားတွေလည်း ဒေါ်စုကိုကြို

  • 17 နိုဝင်ဘာ 2010

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက် လာတဲ့နေ့က ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း အတွင်းက တပ်မတော် တပ်သား တွေ ရာနဲ့ချီပြီး သွားရောက် ကြိုဆို ခဲ့ကြတယ်လို့ သိရ ပါတယ်။

Image caption ဒေါ်စုကို စောင့်နေ ခဲ့တဲ့ လူအုပ်ကြီး ထဲ အရပ် ဝတ် တပ်သား တွေ ရာချီပြီး ပါခဲ့

အဲဒီလို သွားရောက် ကြိုဆို ကြတဲ့ အထဲမှာ ရန်ကုန်တိုင်း တပ်က တပ်သား အရေ အတွက် ပိုများ တယ်လို့ သိရပါတယ်။ ပဲခူးတိုင်း ကတော့ တပ်မ ၇၇ လက်အောက်ခံ တပ်တွေ အပါအဝင် တိုင်း တပ်တချို့ ကပါ အရပ်ဝတ်တွေနဲ့ သွား ရောက် ကြိုဆိုခဲ့ကြ တယ်လို့ ဆိုပါတယ်။

အလားတူ ပဲခူးတိုင်း ရဲမွန်တပ်မြို့ တပ်ရင်း ရှစ် ရင်း စလုံးက တပ်သားတွေ ကတော့ အရာရှိ အရာခံ အကြပ် တပ်သားတွေ က အစ တပ် မိသားစုဝင် တွေအဆုံး ရာနဲ့ ချီပြီး ဒေါ်အောင် ဆန်း စုကြည် ရဲ့ အိမ်ရှေ့ အထိ သွားရောက် ကြိုဆို ခဲ့ကြတယ်လို့ သိရပါတယ်။

တပ်မှာရှိတဲ့ တပ်မတော် မိသားစုတွေ အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အားကိုး ယုံကြည် ကြတဲ့ အကြောင်း နဲ့ တပ်မတော် ထဲက လက်အောက် ငယ်သား ရဲဘော် တွေရဲ့ အကြပ် အတည်း အခက် အခဲကို တပ်မတော်က လူကြီး တွေနဲ့ တွေ့ဆုံ ဖြေရှင်း ပေးနိုင် မယ်လို့ ယူဆပြီး အခုလို သွားရောက် ကြိုဆို ခဲ့ကြတာ ဖြစ်တယ်လို့ ကိုယ်တိုင် သွားရောက် စောင့်ကြို ခဲ့သူ ပဲခူးတိုင်း တပ်မ ၇၇ လက်အောက်ခံ ခမရ ၈ တပ်သား တစ် ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး ကို အောင်မြင် အောင် ဆောင်ရွက် ပေးနိုင် လိမ့်မယ် လို့ ယုံကြည် ပြီး တပ်မတော် အတွင်းက ရဲဘော်တွေနဲ့ မိသားစုတွေ၊ ကျောင်းသား တွေပါ မကျန် သွားရောက် ကြိုဆို ခဲ့ကြတာ လို့ သွားကြိုခဲ့သူ တပ်သား တွေက ဘီဘီစီကို ပြောပါတယ်။