ဒေါ်အောင်ဆန်းစုကြည် ပါခွင့်မရရင် ဘယ်အစိုးရမှ တရားမဝင်

Image caption ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်ပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေ တောင်းဆို

မကြာခင်က ကျင်းပခဲ့တဲ့ မြန်မာ့ ရွေးကောက်ပွဲကို အမေရိကန် အောက်လွှတ်တော် အမတ်တွေက ရှုတ်ချလိုက်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေ မပါရင် ဘယ်အစိုးရမှ တရားဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီမိုကရေစီ အပြည့်အဝ ဖော်ဆောင်ရေး ၊ လွတ်လပ်စွာ စည်းရုံးစုဝေးခွင့် ၊ လှုပ်ရှားခွင့် ၊ ပြောဆိုခွင့် ၊ သတင်း ထုတ်ပြန်ခွင့်နဲ့ နိုင်ငံတကာက အသိအမှတ်ပြု ထားတဲ့ လူ့အခွင့်အရေးတွေကို မြန်မာပြည်သူတွေ ခံစားခွင့်ပေးဖို့ တောင်းဆိုချက်ကိုလည်း ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အမြန်ဆုံးစတင်ဖို့ စစ်အစိုးရကို တိုက်တွန်းထားပြီး နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ရရက်နေ့က ရွေးကောက်ပွဲ ကျင်းပတုန်း နိုင်ငံတကာ လေ့လာသူ တွေကို ဝင်ရောက် စစ်ဆေးခွင့် မပေးခဲ့တဲ့အပြင် မဲမသမာမှုတွေ ပေါ်ပေါက် ခဲ့တာကြောင့် အများစုနဲ့ နိုင်ငံတကာက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဘူးလို့ သိရပါတယ်။