နောက်ဆုံး ရေးသားချိန် 23 နိုဝင်ဘာလ 2010 - 15:59 GMT

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ပြန်ဆုံတွေ့

DASSK KIM

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကင်မ်

မြန်မာနိုင်ငံ ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွဲကွာနေတာ ၁၀ နှစ်လောက်ရှိပြီဖြစ်တဲ့ သားငယ်ဖြစ်သူ ကင်မ် အဲရစ် ခေါ် ကိုထိန်လင်းနဲ့ ဒီနေ့ ရန်ကုန်မှာ ပြန်လည် ဆုံတွေ့နိုင်ခဲ့ပါပြီ။

ဗြိတိန်နိုင်ငံမှာ နေတဲ့ ကင်မ်ဟာ မိခင် နေအိမ်အကျယ်ချုပ်က လွတ်နိုင်တယ်လို့ ယူဆပြီး ဒီလဆန်းကတည်းက ဘန်ကောက်က မြန်မာသံရုံးမှာ ပြည်ဝင်ခွင့် ဗီဇာ လျောက်ခဲ့ပေမယ့် မနေ့ကမှ ဗီဇာရတာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကင်မ်ဟာ ဒီမနက်က ဘန်ကောက်ကနေ ရန်ကုန်ကို လေယဉ်စီးလာပြီး ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်လေဆိပ်ကနေ စောင့်ကြိုနေခဲ့ပါတယ်။

သားအမိနှစ်ဦးဟာ တစ်ဦးလက်ကို တစ်ဦးကိုင်ထားကြပြီး စိတ်လှုပ်ရှား ပျော်ရွင်နေပုံရတယ်လို့ လေဆိပ်ကို သွားခဲ့တဲ့ မြန်မာသတင်းထောက်တစ်ဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားကြီး အလက်ဇန်းဒါးကတော့ အမေရိကန်နိုင်ငံမှာ ရှိနေပါတယ်။

မိသားစုအရေးကို ရှေ့တန်းမတင်ခဲ့ပဲ မြန်မာပြည် ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်က လွတ်ပြီးနောက် ဘီဘီစီကို ပြောရာမှာ သားတွေက သူ့အပေါ်မှာ ကောင်းကြကြောင်း၊ နားလည်မှုပေးခဲ့ကြကြောင်း ပြောခဲ့ပါတယ်။

သားအမိနှစ်ဦး ပြန်လည်ဆုံစည်းမှု

  • DASSK KIM
    ဒေါ်အောင်ဆန်းစုကြည် သားငယ်အလာကို စောင့်ကြိုဖို့ လေဆိပ်အရောက်
  • DASSK KIM
    လည်တမော့မော့နဲ့ လေဆိပ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် စောင့်ဆိုင်းနေစဉ်
  • DASSK KIM
    သားငယ် ကိုထိန်လင်းကို တွေ့ရပါပြီ။ မတွေ့ရတာ ၁၀ နှစ်ကြာနေတဲ့ သားငယ်ကို ဒေါ်အောင်ဆန်းစုကြည်က ရွန်းရွန်းစားစား ကြည့်နေစဉ်
  • DASSK KIM
    အင်္ကျီချွတ်ပြီး 'အမေ့ကို ပြစရာရှိတယ်'လို့ ပြောမယ် ထင်ရပါတယ်
  • DASSK KIM
    သားငယ်ပြတာကတော့ လက်မောင်းမှားထိုးထားတဲ့ ခွပ်ဒေါင်းပုံပါ NLD အလံ
  • DASSK KIM
    မှန်ကာထားတဲ့ ခန်းမအပြင်ရောက်တော့ ကင်မရာတွေနဲ့ သတင်းထောက်တွေ၊ နောက်ပြီး လုံခြုံရေး ဝန်ထမ်းတွေ၊ အားပေးသူတွေနဲ့ စိတ်ဝင်စားသူတွေ
  • DASSK KIM
    လက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ထားပြီး လေဆိပ်ထဲက ထွက်ကြမယ်
  • DASSK KIM
    ဒေါ်အောင်ဆန်းစုကြည်နဲ့ ကင်မ် လေဆိပ်ကနေ ထွက်ခွာစဉ်

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။