ဒီမိုကရက်တစ် ပါတီမှဒေါ်သန်းသန်းနု သဘောထား

  • 25 နိုဝင်ဘာ 2010
than_than_nu
Image caption ဒီမိုကရက်တစ် ပါတီ မှဒေါ်သန်းသန်းနု

ဒီမိုကရက်တစ်ပါတီ မှ ဒေါ်သန်းသန်းနု တို့ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံပြီး နှုတ်ဆက်စကား ပြောယင်း အခါအခွင့် သင့်ရင်၊ ဒေါ်အောင်ဆန်းစုကြည် ပြောသလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေး အကြောင်း ဆွေးနွေးလိုပုံ ဘီဘီစီ ကို ပြောပြပါတယ်။

သဘောထားချင်း မတူတာတွေကို ညှိနှိုင်းပြီး ဒီမိုကရေစီ လိုလားသူတွေ အနေနဲ့ ပူးပေါင်း ဆောင်ရွက်ရေးဟာ လုပ်သင့်တာ ကြာပြီလို့ ဒေါ်သန်းသန်းနု က ရှင်းပြပါတယ်။

ပူးပေါင်းဆောင်ရွက်ရာ မှာလဲ ပါတီတွေ အနေနဲ့ ဖျက်သိမ်းပြီး၊ တပါတီထဲ ဖြစ်ရမယ်ဆိုတဲ့ အချက်ဟာလဲ၊ လက်တွေ့မှာ ခက်ခဲတဲ့ အကြောင်း၊ တူတဲ့ နေရာတွေမှာ လက်တွဲဆောင်ရွက်ပြီး၊ မတူတဲ့ အချက်ကို ညှိနှိုင်းဖို့ လိုကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကို အဓိက ထား ဆွေးနွေးလိုကြောင်း၊ ဒေါ်သန်းသန်းနု က ပြောပါတယ်။