မြန်မာပြဇာတ်အဖွဲ့ နိုင်ငံတကာ ဆုရ

  • 29 နိုဝင်ဘာ 2010
human trafficking
Image caption လူကုန်ကူးခြင်း ခံရမှု

စင်ကာပူအခြေစိုက် Freedom To Create အဖွဲ့ကနေ နိုင်ငံတကာမှာ လူ့အခွင့်အရေး၊ တရားမျှတရေး တို့အတွက် လုပ်ဆောင် နေတဲ့ အနု ပညာ လုပ်ငန်းတွေကို နှစ်စဉ် ချီးမြှင့် နေရာမှာ ဒီနှစ် မှာတော့ ပထမဆုံး အကြိမ် မြန်မာပြဇာတ်အဖွဲ့ တစ်ခုလည်း ဆုရပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက် အခြေစိုက် ဆယ်ကျော်သက် အရွယ် မြန်မာ ကျောင်းသား လူငယ်တွေနဲ့ ဖွဲ့စည်း ထားတဲ့ United ACT အဖွဲ့ကို ဆုပေးခဲ့ပါတယ်။ ဆုငွေ ဒေါ်လာ ၂ သောင်းခွဲဖြစ်ပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ သောကြာနေ့က ဆုပေးအပ်ခဲ့တာပါ။

ဆုတက် ယူခဲ့တဲ့ ဒီအဖွဲ့ရဲ့ အနုပညာနည်းပြ လည်းဖြစ်၊ မြန်မာ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးဌာနက ဒါရိုက်တာ ဦးအောင်မျိုးမင်း က လူမှုရေး မမျှတမှု၊ လူကုန်ကူး ခံရတဲ့ ကလေးတွေ အကြောင်း တင်ဆက်ပြတာကို ဆုရခဲ့ပုံ၊ ဘီဘီစီ ကိုရှင်းပြပါတယ်။

ဆုရတဲ့အတွက် ဝမ်းသာတဲ့အကြောင်းကိုလည်း ပြဇာတ်အဖွဲ့က ဒါရိုက်တာ နဲ့ သရုပ်ဆောင် အသက် ၁၉ နှစ်အရွယ် ကိုရဲလေးကလဲ၊ လူကုန်ကူးမှု ခံရတဲ့ လူငယ်လေးတဦး၊ ဘန်ကောက်မြို့မှာ ရောင်းစားခံရတဲ့ တကယ့်ဖြစ်ရပ် ပါဝင်ပုံ ဘီဘီစီ ကိုပြောပြပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲက လူကုန်ကူးမှု အန္တရာယ် အများဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ် အမေရိကန် အစိုးရရဲ့ နှစ်စဉ် အစီရင်ခံစာ မှာ ကိုးနှစ် ဆက်တိုက် ထည့်သွင်း ခံထားရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။