ပြည်တွင်းစစ် တကျော့ပြန် လာတော့မလား

  • 5 ဒီဇင်ဘာ 2010
Image caption ကေအိုင်အေ တပ်သားတချို့ စစ်ရေး လေ့ကျင့် နေစဉ်

ကေအိုင်အေ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်နဲ့ မြန်မာစစ်တပ်အကြား ဒီဇင်ဘာ ၄ ရက် မနက်က ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။ ကချင်ပြည်နယ် လွယ်ဂျယ်မြို့နဲ့ မိုင်ဂျားယန်မြို့ အနားမှာ ဖြစ်ပွားခဲ့တာပါ။