မွန်အဖွဲ့တဖွဲ့ စစ်အစိုးရနဲ့ တွဲပြီး လှုပ်ရှား

  • 8 ဒီဇင်ဘာ 2010

မွန်ပြည်သစ် ပါတီကနေ ခွဲထွက်ခဲ့တဲ့ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဟာ စစ်အစိုးရတပ်နဲ့ ပူးတွဲပြီး ရေး တောင်ပိုင်း ဒေသမှာ လှုပ်ရှားတော့မယ်လို့ ဆိုပါတယ်။

Image caption မွန်တိုင်းရင်းသားများ

မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရကလည်း ငြိမ်းချမ်းရေး ပျက်ပြားနေပြီ ဆိုတော့ မွန်ပြည်နယ် အတွင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြန်ဖြစ် လာမယ့်ပုံ ရှိနေတယ်လို့ ယူဆ နေကြသူ တွေလည်း ရှိပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ အခြေအနေကို စေါင့်ကြည့် လေ့လာနေတဲ့ မွန်ပြည်သစ် ပါတီ အဖွဲ့ဝင် ဟောင်းလည်းဖြစ် ဗိုလ်မှူးကြီး ဟောင်းလည်း ဖြစ်တဲ့ နိုင်ကောင်းဝပ်က နိုင်ရှောင်ခေါင်းဆောင် တဲ့ အဖွဲ့ကို ရေးတောင်ပိုင်းမှာ စစ်အစိုးရက လှုပ်ရှားခိုင်းမယ် ဆိုတဲ့ သတင်း သူကြားရတဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

၂၀၀၈ ခုနှစ်မှာ မွန်ပြည်သစ် ပါတီကနေ ခွဲထွက်ခဲ့ပြီး နောက်ပိုင်း စစ်ရေးအရ လှုပ်ရှားမှု မရှိခဲ့တဲ့ နိုင်ရှောင် ခေါင်းဆောင်တဲ့ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဟာ အင်အား ၃၀ ခန့်နဲ့ စတင် ဖွဲ့စည်းပြီး ရေးမြို့နယ် တောင်ပိုင်း ဒေသမှာ လှုပ်ရှားတော့မှာ ဖြစ်ပါတယ်။

ဒီဒေသဟာ နိုင်ရှောင်တို့ သွားလာနေကျ လမ်းကြောင်း၊ ခိုအောင်းနိုင်မယ့် နေရာ ဆိုတာကို နိုင်ရှောင်တို့ ကသိနေပြီး ဖြစ်လို့ တကယ် လုပ်မယ် ဆိုရင်တော့ လုပ်နိုင်တဲ့ အနေအထားမှာ ရှိပြီး စစ်အစိုးရ အတွက် အများကြီး အထောက်အကူ ဖြစ်စေတယ်လို့ သူမြင်တဲ့ အကြောင်း နိုင်ကောင်းဝပ်က ဘီဘီစီကို ပြောပါတယ်။

မွန်ပြည်သစ် ပါတီဟာ ၁၉၉၅ ခုနှစ် ကတည်းက စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ အဲဒီ အချိန်က စလို့ ဒီကနေ့အထိ အဖွဲ့ ၄ ဖွဲ့ ထက်မနည်း ပါတီထဲက ခွဲထွက်သွား ခဲ့ပါတယ်။