ဒီကေဘီအေတချို့ အလင်းဝင်

  • 11 ဒီဇင်ဘာ 2010

လက်ရှိ စစ်အစိုးရကို တိုက်ခိုက် နေရာကနေ ဒီကေဘီအေ ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့် အပါအဝင် ဦးရေ ၃၀ လောက် မြဝတီမြို့မှာ အလင်းဝင် ကြတယ်လို့ သိရပါတယ်။

Image caption တိုက်ပွဲတွေကြောင့် မြန်မာ-ထိုင်း နှစ်နိုင်ငံကြား အပြန်အလှန် ပြေးနေကြရသော ပြည်သူများ

ဗိုလ်မှူး လှဒါး၊ ဗိုလ်မှူး နော်တရာ နဲ့ ဗိုလ်ချင်းလုံတို့က မြေအောက် လှုပ်ရှားမှုတွေ လုပ်မယ်ဆိုပြီး မြဝတီဘက်ကို ကူးပြီးနောက်မှာ လက်နက်မဲ့ အလင်းဝင် သွားခဲ့တာ ဖြစ်ပါတယ်။

အခုလို အလင်းဝင် သွားတာကို လက်ရှိ ဝေါလေမြိုင်မှာ နားမှာ တပ်စွဲထားတဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၉ ရဲ့ ဒုတိယ တပ်ရင်းမှူး ချမူကျေး က ရှုတ်ချလိုက်ပါတယ်။

အချင်းချင်း တိုက်နေတဲ့ အချိန်မှာ အရမ်း သတ္တိ ရှိတယ်၊ အခု နအဖနဲ့ တိုက်ရတော့မယ် ဆိုတော့ သတ္တမရှိသလို ဖြစ်နေတယ်လို့ ဗိုလ်မှူး ချမူကျေးက ပြောပါတယ်။

ဒီလို အလင်းဝင် သွားပေမယ့်လည်း ကျန်တဲ့သူတွေနဲ့ ဆက်ပြီး တိုက်ပွဲ ဝင်သွားမယ်လို့ သူက ဆိုပါတယ်။