လန်ဒန်တက္ကသိုလ်LSE နဲ့ ဒေါ်အောင်ဆန်းစုကြည်

  • 15 ဒီဇင်ဘာ 2010
_lse_dassk
Image caption LSE နဲ့ Al Jazeera နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပွဲ

လန်ဒန်မြို့ရှိ LSE London School of Economics တက္ကသိုလ်မှာ Al Jazeera ရုပ်မြင်သံကြား ဌာန ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗီဒီယို၊ တယ်လီဖုန်း တိုက်ရိုက် ဆက်သွယ် ဆွေးနွေးခန်း ကျင်းပခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ကွန်ယက်တခု ကို ကမ္ဘာတလွှား ဖြန့်ကျက် ဖန်တီးနိုင်ရေးဟာ အရေးကြီးတဲ့ အကြောင်း၊ မြန်မာနိုင်ငံ အတွင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး နဲ့ ဒီမိုကရေစီ ပေါ်ထွန်းရေး လမ်းစ၊ စတာတွေ အပြန်အလှန် ဆွေးနွေးရာမှာ သူဟာ စစ်အစိုးရ အပေါ် ခြိမ်းခြောက်တဲ့ အသွင် မဆောင်တဲ့ အကြောင်း၊ တက်ရောက်လာသူ ပညာရှင်တွေနဲ့ ကျောင်းသူ ကျောင်းသား ၄ဝဝ ကျော် ကို ရှင်းပြခဲ့ ပါတယ်။

ဒါပေမဲ့ စစ်အစိုးရ ဖက်က နိုင်ငံ့အရေး ဖြေရှင်းရေးမှာ၊ ပူးပေါင်း ဆောင်ရွက်လိုတဲ့ တုံ့ပြန်ချက် တစုံတရာ မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် က ပြောပြ ပါတယ်။

ဒီအစီအစဉ် ကို ကနေ့မှာ Al Jazeera က ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။