ကျားဖြူပါတီ ညီလာခံ ဆုံးဖြတ်ချက်

  • 17 ဒီဇင်ဘာ 2010
Shan
Image caption SNDP ကျားဖြူပါတီညီလာခံ တောင်ကြီးမှာ ကျင်းပ

၂၀၁၀ ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၇ နေရာ အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရဲ့ ပထမဆုံးအကြိမ် ပါတီညီလာခံကို တောင်ကြီးမြို့မှာ ကျင်းပပြီးဆုံးခဲ့ပါတယ်။

ဒီညီလာခံရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ဗဟိုအလုပ်အမှုဆောင်အားလုံး တွေ့စရာမလိုပဲ ပါတီဥက္ကဌ၊ အတွင်းရေးမှူး ဦးစိုင်းလှကျော် နဲ့ ကော်မတီဝင် ဦးစောသန်းမြင့်တို့ ပါဝင်တဲ့ သုံးဦးကော်မတီက ပါတီရဲ့ သာမာန်ကိစ္စတွေကို ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း ညီလာခံက တာဝန်အပ်နှင်းဆုံးဖြတ်ခဲ့တယ်လို့ ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ပါတီရံပုံငွေအတွက် ကုမ္ပဏီတစ်ခု ထူထောင်ဖို့ မှတ်ပုံတင်မှာ ဖြစ်ပြီး အမျိုးသမီးရေးရာနဲ့ လူငယ်အဖွဲ့တွေ ဖွဲ့စည်းသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း ဦစိုင်းအိုက်ပေါင်းက ပြောပါတယ်။

နောက်ပြီး ဥပေဒအကြံပေးကော်မတီတစ်ရပ်ကိုလည်း ဖွဲ့ခဲ့တယ်လို့လည်း သူက ပြောပါတယ်။