ထိုင်းရောက် မြန်မာလုပ်သားတွေ ယာယီပတ်စပို့ ဝန်ပိ

  • 19 ဒီဇင်ဘာ 2010
Image caption ထိုင်းက မြန်မာ အလုပ်သမားတွေ

ဒီဇင်ဘာလ ၁၈ ရက်နေ့ဟာ နိုင်ငံတကာ ရွေ့ပြောင်းအလုပ်သမားများနေ့ ဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံသားအများအပြား အိမ်နီးချင်း ထိုင်း မလေးရှားနိုင်ငံတွေ အပါအဝင် နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။

ထိုင်းနိုင်ငံမှာ ရွေ့ပြောင်းလုပ်သား ၂ သန်းခွဲကနေ ၄ သန်းလောက်အထိ ရှိရာမှာ မြန်မာနိုင်ငံသားက ၈၀ ရာခိုင်နှုံးကျော် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။

အခု လောလောဆယ် ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်း အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ မြန်မာ အလုပ်သမား အရေးကို ကူညီ ဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းကို ဘီဘီစီက မေးမြန်းရာမှာ မြန်မာ အလုပ်သမားတွဟာ ထိုင်းအစိုးရနဲ့ မြန်မာ အစိုးရကြား နှစ်နိုင်ငံ သဘောတူညီချက်အရ လုပ်နေတဲ့ ယာယီပတ်စပို့ရဲ့ ဝန်ထုတ် ဝန်ပိုးကို ခံနေရတယ်လို့ ပြောပါတယ်။

ယာယီပတ်စပို့ လုပ်ဖို့ အလုပ်သမားတဦးကို ဘတ်ငွေ နှစ်သောင်း မြန်မာငွေ ခုနှစ်သိန်း ထက်မနည်း ကုန်ကျတယ်လို့ ပြောပါတယ်။

နောက်တခါ အလုပ်သမားတဦးကို ပြန်ပို့ခ စရိတ်ဆိုပြီး တလကို ဘတ် ၄၀၀ ဒီနဲ့ ၆ လ ကောက်ခံအုံးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို ရွေ့ပြောင်းအလုပ်သမားတွေရဲ့ အခက်အခဲတွေကို မြန်မာရော ထိုင်းအစိုးရပါ မျက်ကွယ်ပြုထားတယ်လို့ ဆိုပါတယ်။

ရွေ့ပြောင်းအလုပ်သမားအရေး ကူညီ ေဆာင်ရွက်နေတဲ့ မြန်မာ အဖွဲ့အစည်းတွေ အနေနဲ့ တရားဝင် ဆောင်ရွက်နိုင် ခွင့် မရှိတာကြောင့် ထိုင်းအမ်ဂျီအို နိုင်ငံတကာ အမ်ဂျီအိုတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေရတယ်လို့ ပြောပါတယ်။

မြန်မာအစိုးရ အနေနဲ့ မြန်မာ အလုပ်သမားအများအပြားရှိရာ နေရာတွေမှာ ရုံးဖွင့်လှစ်ဆောင်ရွက်ပေးရင် ပွဲစားခ ကားခ သက်သာပြီး တရားဝင် ကုန်ကျစရိတ်လောက်ပဲ ကုန်မှာ ဖြစ်တယ်လို့ ပြောပါတယ်။