တောင်ကိုရီးယား စစ်ရေး လေ့ကျင့် မှုလုပ်

  • 20 ဒီဇင်ဘာ 2010

ဘယ်လရုစ် နိုင်ငံမှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ သမ္မတ Alexandar Lukashenko မဲ အပြတ်အသတ်နဲ့ နိုင်တယ်လို့ တရားဝင် ကြေငြာခဲ့တဲ့ ရွေးကောက်ပွဲ မှာ အမှားအယွင်း တွေ ရှိခဲ့တယ်လို့ OSCE ဥရောပ လုံခြုံရေးရာ အဖွဲ့အစည်းက လေ့လာသူတွေက ပြောပါတယ်။

အနောက်နိုင်ငံတွေနဲ့ အရှေ့ ဥရောပ နိုင်ငံတို့က လေ့လာ စောင့်ကြည့်သူတွေကတော့ မဲရေတွက်ပုံတွေ အပေါ် ဝေဖန် ခဲ့ကြပြီး Minsk မြို့တော်မှာ ဆန္ဒပြသူတွေ စုရုံးပြီး ကန့်ကွက် ဆန္ဒပြမှုတွေ အပေါ် ရဲတွေက ကိုင်တွယ် ဖြိုခွင်းပုံ ကို လည်း ပစ်တင် ရှုတ်ချကြပါတယ်။

ရွေးကောက်ပွဲ နောက်ပိုင်း အတိုက်အခံ ဘက်က ဝင်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း အတော်များများ အပါအဝင် လူ အတော်များများ အကြမ်းပတမ်း ရိုက်နှက်ခံရပြီး ဖမ်းဆီးခံခဲ့ ကြရတဲ့ အကြမ်းဖက်မှုတွေကို အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂ တို့က ကန့်ကွက် ရှုတ်ချလိုက်ကြပါတယ်။

ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton က ရိုက်နှက်ဖမ်းဆီးခံခဲ့ကြရတဲ့ အတိုက်အခံ ခေါင်းဆောင်တွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အဓိက အတိုက်အခံ ခေါင်းဆောင် တစ်ယောက် ဖြစ်သူ Vladimir Neklyaev ရဲ့ ဇနီးက Minsk မြို့တော်က ဆန္ဒပြမှုတွေ အတွင်း တိုက်ခိုက်ခံခဲ့ရတဲ့ သူ့ခင်ပွန်း ကို သူ ဆေးကုသခံနေတဲ့ ဆေးရုံ ကုတင်ပေါ်ကနေ လုံခြုံရေး အရာရှိတွေက ဆွဲချ ပြီး ကားထဲ ဆွဲတင်သွားတယ်လို့ ပြောပါတယ်။

တရားဝင် ထုတ်ပြန်တဲ့ ရလာဒ်တွေက သမ္မတ Alexandar Lukashenko က မဲ ၈၀ ရာခိုင်နှုန်းနဲ့ နိုင်တယ်လို့ ဆိုပါတယ်။

ရုရှား နိုင်ငံ ဦးဆောင်တဲ့ လွတ်လပ်တဲ့ နိုင်ငံများ ဆိုင်ရာ ဓန သဟာရ အဖွဲ့က လေ့လာသူတွေကတော့ ရွေးကောက်ပွဲဟာ တရားဝင်မှု ရှိတယ်လို့ ပြောပါတယ်။ အနောက်နိုင်ငံတွေက လေ့လာ စောင့်ကြည့်သူတွေရဲ့ တွေ့ရှိချက်ကတော့ မကြာခင် ထွက်လာမှာဖြစ်ပါတယ်။