ဒေါ်စုနဲ့ ILO အရာရှိတွေ့

  • 21 ဒီဇင်ဘာ 2010

မြန်မာနိုင်ငံဆိုင်ရာ ILO ဆက်သွယ်ရေး အရာရှိ Mr. Steve Marshall ဟာ မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့တုန်းက သွားရောက် တွေ့ဆုံပြီး ILO ရဲ့တာဝန်နဲ့ လုပ်ငန်းတွေကို ရှင်းပြ ခဲ့ပါတယ်။

Image caption နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်၏ လိုဂို

အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပေျာက်ရေး အတွက် မြန်မာနိုင်ငံ အတွင်း ILO ရဲ့ဆောင်ရွက်ချက် တွေကို ရှင်းပြတာ သက်သက်ပဲလို့ သူက ဆိုပါတယ်။

ရှင်းပြတာတွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စိတ်ဝင်တစား ရှိတယ်လို့ သူ ထင်ကြောင်း၊ ILO ရဲ့ လက်ရှိ မူဝါဒတွေကို အသုံးချပြီး အောင်မြင်အောင် ဆောင်ရွက် နိုင်တာကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြင်ချင်တဲ့ ပုံစံမျိုး တွေ့ခဲ့တယ်လို့ Steve Marshall က ပြောပါတယ်။

ဒီလို တွေ့ဆုံမှုကြောင့် မြန်မာ အစိုးရနဲ့ လုပ်ကိုင် ဆောင်ရွက် နေတာတွေ ထိခိုက်မှာကိုလည်း မစိုးရိမ်တဲ့ အကြောင်း၊ ဒီတွေ့ဆုံမှုဟာ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက် စေရေး အတွက် မြန်မာ အစိုးရက ချမှတ်ထားတဲ့ မူဝါဒအတိုင်း ILO က သူ့ရဲ့ လုပ်ပိုင်ခွင့်အရ သာမန် လုပ်ရိုးလုပ်စဉ် လုပ်ငန်းတွေကို ဆောင်ရွက် နေတာသာ ဖြစ်တယ်လို့ သူက ဆက်လက် ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပေျာက်ရေး ဆောင်ရွက်ရာမှာ သိသာတဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပေျာက်ရေးနဲ့ ပတ်သက် တဲ့ ဥပဒေတွေကို မြန်မာ ဘာသာနဲ့ လက်ကမ်း စာစောင်တွေ ရိုက်နှိပ် ထုတ်ဝေ နိုင်ခဲ့တယ်၊

အစိုးရနဲ့ ဆင့်ပွား သဘောတူညီချက်အရ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေး ဆောင်ရွက်မှုတွေဟာလဲ ဆက်လုပ် ဖြစ်နေတယ်၊ ကလေးစစ်သား ပပေျာက်ရေးအတွက် ဆောင်ရွက်မှု တွေမှာလည်း တိုင်ကြားမှုတွေ ရှိတဲ့အခါတိုင်း အစိုးရဖက်က အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးတာတွေ ရှိတယ်၊ ဒီထက် တိုးတက်မှုတွေ ရဖို့ လိုပေမယ့်၊ ဒါတွေဟာ အတော့်ကို အပြူသဘော ဆောင်တဲ့ ရလဒ်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ နယ်စပ်ဒေသတွေမှာတော့ အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပြဿနာဟာ ကြီးမားဆဲ ဖြစ်တယ်လို့ ILO ဆက်သွယ်ရေး အရာရှိ Steve Marshall က ပြောပါတယ်။