နေပြည်တော်မှာ မြေကွက်အသိမ်းခံရ

  • 24 ဒီဇင်ဘာ 2010
နေပြည်တော်ရှိ တည်ဆောက်ရေးလုပ်ငန်းများ
Image caption နေပြည်တော်ရှိ တည်ဆောက်ရေးလုပ်ငန်းများ

နေပြည်တော်ဝန်းကျင်က တချို့ကျေးရွာတွေမှာ နေပြည်တော်စည်ပင်သာယာရေးရဲ့ နေရာချထားရေးအစီစဉ် ကြောင့် လူတွေအိုးအိမ်မဲ့တဲ့အထိ ဖြစ်သွားခဲ့တယ်လို့ အိုးအိမ်မဲ့သွားတဲ့သူတွေက ပြောပါတယ်၊၊ နေပြည်တော်တည်ဆောက်ရေး အစီစဉ်ရဲ့တစိပ်တပိုင်းဖြစ်တဲ့ နေပြည်တော်ဝန်းကျင်က ကျေးရွာ တွေပြန်လည်နေရာချရေးကြောင့် အိုးအိမ်မဲ့ ဖြစ်သွားကြတာပါ၊၊

နေပြည်တော်နားက ကျောက်ဆောင်းအိုင်ရွာ ဆိုရင် အိမ်ခြေ(၆ဝ)ခန့်ရှိတဲ့ရွာကို ပြန်လည်နေရာချရာမှာ အိမ်ခြေ (၄ဝ)ကျော်ဟာ အိုးအိမ်မဲ့ဖြစ်သွားတယ်လို့ အိုးအိမ်မဲ့ဖြစ်သွားသူတဦးကဘီဘီစီကိုပြောပါတယ်။

ဒီကိစ္စ သက်ဆိုင်ရာကို စာတင်ခဲ့ပေမဲ့ ထူးခြားမှုမရှိခဲ့ပါဘူး၊၊ နေပြည်တော် ရဲ့ စည်ပင် သာယာရေးအဖွဲ့ကတော့ အိုးအိမ်မဲ့ဖြစ်သွားတဲ့ လူတွေရဲ့အဲဒီမြေကွက်တွေကို ငှားထားခဲ့တယ်လို့ဆိုပါတယ်၊၊

အလားတူဘဲ ဒီနေပြည်တော်တည်ဆောက်ရေးရဲ့ မြေကွက်နေရာချထားရေးအစီစဉ်ကြောင့် နေပြည် တော်အနီးအနားက နေထိုင်ကြတဲ့ လယ်သမားတွေအပါအဝင် ရွာသားတွေရဲ့ လယ်ယာခြံမြေတွေများစွာ ဆုံး ရှုံးခဲ့ရတယ်လို့သိရပါတယ်၊၊ ဒါကြောင့် နေရာအစားမရလိုက် တဲ့လူတွေအတွက်ကတော့ နီးစပ်ရာကိုထွက်ခွာ သွားနေကြ ရပြီး အဲဒီ အချက်အခြာကျတဲ့ နေရာကောင်းတွေကိုတော့ နေပြည်တော်ရဲ့ စည်ပင်သာယာရေးက သိမ်း ယူနေပါတယ်။