ဝသွေးစည်းညီညွတ်ရေး တပ်ဖွဲ့ ညီလာခံ

  • 28 ဒီဇင်ဘာ 2010
uwsa
Image caption UWSA ဝ တပ်ဖွဲ့

ရှမ်းပြည်နယ် မိုင်းမောင်ခရိုင် မှာ ကျင်းပနေတဲ့ UWSP ဝ သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ ရဲ့ ငါးကြိမ်မြောက် ခရိုင်ပါတီ ညီလာခံမှာ ပြည်တွင်းရှိ တိုင်းရင်းသား ခေါင်းဆောင် တချို့နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တို့ ဖေါ်ဆောင်ဖို့ တင်ပြနေတဲ့ ဒုတိယ ပင်လုံညီလာခံ နဲ့ ပတ်သက်ပြီး ဝ တပ်ဖွဲ့ အနေနဲ့ ကြားနေ အဖြစ် ရပ်တည်ဖို့ ဆုံးဖြတ်ကြောင်း မြောက်ပိုင်း ခရိုင် ကော်မတီဝင် တဦးက ဘီဘီစီ ကို ပြောပါတယ်။

မူဝါဒ ခြောက်ခု ချမှတ်ရာမှာလဲ ၄င်းတို့ လက်နက်ကိုင်တာ နယ်ခြားစောင့် တပ် လုပ်ဖို့ မဟုတ်ပဲ၊ ပြည်နယ် ကိုယ်ပိုင်ပြဌာန်းခွင့် ရဖို့ ဖြစ်ကြောင်း၊ ဝ ပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး အတွက် လက်နက်ကိုင်စွဲ ထားမဲ့ အကြောင်း တွေ ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ ဘယ်အစိုးရ တက်တက်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ဝ ပြည်နယ် ရတဲ့အထိ ဆက်လက်တောင်းဆို သွားမယ်လို့လဲ သိရပါတယ်။ ညီလာခံ က ချမှတ်တဲ့ မူဝါဒ ခြောက်ခု ကို အစိုးရသစ် အနေနဲ့ လက်မခံပဲ၊ သူတို့ဒေသ ကို ထိုးစစ်ဆင်လာ မယ်ဆိုရင် ပြန်လည်ခုခံ ဖို့ ပြင်ဆင်ထားကြောင်း၊ အဆိုပါ ကော်မတီဝင် က ဘီဘီစီ ကို ပြောပါတယ်။