မြန်မာ့ သတင်းစာ ပညာဆု

  • 29 ဒီဇင်ဘာ 2010
journals
Image caption အပတ်စဉ်ထုတ် ဂျာနယ် စာစောင်များ

မြန်မာနိုင်ငံမှာ သတင်းစာ လွတ်လပ်ခွင့် မရှိသလို၊ စာပေစိစစ်ရေး ကလဲ၊ သတင်းဂျာနယ် တွေကို ဖိနှိပ်တဲ့ ကြားက မျိုးဆက်သစ် မြန်မာလူငယ် သတင်းစာ ဆရာတွေ ကို ထူးချွန်ဆု ပေးဖို့ စီစဉ် နေပါတယ်။

မြန်မာ့ သတင်းစာ ပညာဆု Myanmar Press Award 2010 ကို မျက်မှောက် မြန်မာ့ သတင်းစာ လောကထဲက ထင်ရှားတဲ့ ကျော်ရင်မြင့်၊ အော်ပီကျယ်၊ ညီပုလေး၊ စိုးဝင်းငြိမ်း နဲ့ ရဲနိုင်မိုး တို့က ဒီလကုန်မှာ အခမ်းအနား နဲ့ ပေးအပ် ချီးမြှင့်ဖို့ စီစဉ်ထား ပေမဲ့၊ ညှိနှိုင်းစရာ တွေ ကျန်သေးလို့ ရွှေ့ဆိုင်းထားကြောင်း ဘီဘီစီ ကိုပြောပါတယ်။

သတင်းစာဆရာ၊ ဆရာမ တွေကို ဆုပေးတာ မရှိသေးလို့ ပဌမဆုံး အနေနဲ့ အသိအမှတ်ပြု၊ အားပေးတဲ့ သဘောအရ ဆုပေးမဲ့ အကြောင်း၊ ဦးရဲနိုင်မိုး က ဘီဘီစီကို ရှင်းပြပါတယ်။

ဆုရသူ ရွေးချယ်ရာမှာ လဲ သတင်းဦး၊ သတင်းဆောင်းပါး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ သတင်းဓါတ်ပုံ စတာတွေ ပါဝင်မယ်လို့ သိရပါတယ်။