မြန်မာစစ်တပ် အိန္ဒိယ မှာ စစ်သင်တန်း သွားတက်

  • 31 ဒီဇင်ဘာ 2010
india burma border
Image caption အိန္ဒိယ နဲ့ မြန်မာ စစ်ရေး ပူးပေါင်း ဆောင်ရွက် မှု တွေ သိသိသာသာ တိုးလာနေ

အိန္ဒိယ အရှေ့မြောက် ပြည်နယ်တွေဖြစ်တဲ့ မီဇိုးရမ် နဲ့ အာသံနယ်စပ်မှာ ရှိတဲ့ ဗီရမ်းသယ် ရွာ က နိုင်ငံတကာ စစ်ရေး သင်တန်းကျောင်းမှာ ဒီဇင်ဘာ ၄ ရက် ကနေ ၂၄ ရက်နေ့ထိ ရက်၂၀ ကြာ ဖွင့်လှစ် ခဲ့တဲ့ တောတွင်း တိုက်ခိုက်ရေး စစ်သင်တန်း တခုကို မြန်မာ စစ်တပ်က လွှတ်လိုက်တဲ့ ဗိုလ်မှူးကြီး တဦး အပါအဝင် စစ်သား အယောက်၂၀ ခန့် လာရောက် ပြီး သင်တန်း တက် သွားပါတယ်။

ဒီ စစ်သင်တန်းကျောင်း က အိန္ဒိယ ကာကွယ်ရေး၀န်ကြီး ဌာန က ဖွင့်လှစ် ထားတာဖြစ်ပြီး ဒီလို မျိုး မြန်မာ စစ်တပ်ကို သင်တန်း ပေးတာဟာ မြန်မာဘက်မှာ ခိုလှုံ နေတဲ့ အိန္ဒိယ ခွဲထွက် ရေး သူပုန် တွေကို တိုက်ခိုက် ပေးဖို့ လည်း ဖြစ်နိုင် သလို မြန်မာ အစိုးရ ကို ဆန့်ကျင် တိုက်ခိုက် နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် ထိုးစစ်ဆင် ဖို့ လည်း ဖြစ်နိုင် တယ် လို့ သုံးသပ် ကြ ပါတယ်။

အခု မြန်မာ စစ်သား တွေ တက်ရောက် သွားတဲ့ အိန္ဒိယ တိုက်ခိုက်ရေး သင်တန်းကျောင်း ဟာ ဧက ၆၀၀ ကျော် ကျယ် တဲ့အတွက် အာရှ မှာ တော့ အကြီးဆုံး ပျောက်ကြား တိုက်ခိုက် ရေး သင်တန်းကျောင်း ဖြစ်တယ် လို့ ဆိုကြ ပါတယ်။

ဒီ သင်တန်းကျောင်း မှာ အမေရိကန် စစ်တပ်တွေ အာဖဂန် ကို စစ်မထွက်ခင် ၁၂ ကြိမ်ထက် မနည်း သင်တန်း လာလုပ်ဘူး ပါတယ်။

ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ အစ္စရေး၊ လက်ဘနွန်၊ မွန်ဂိုလီးယား၊ သီရိလင်္ကာ စတဲ့ တိုင်းပြည် တွေက စစ်တပ်တွေဟာလည်း အဲဒီ သင်တန်းကျောင်းမှာ စစ်သင်တန်း လာ တက်ဖူးတယ်လို့ လည်း သိရ ပါတယ်။