တနေ့တာ အလှူငွေရှာ စီမံချက်

  • 3 ဇန်နဝါရီ 2011
burmese_refugee
Image caption မြန်မာ ဒုက္ခသည်များ

ဒိန်းမတ်နိုင်ငံ က အထက်တန်း ကျောင်းသား တွေဟာ နှစ်စဉ် နှစ်တိုင်း နိုဝင်္ဘာလ ၃ ရက်နေ့တို်း OPERATION DAY WORK လို့ အမည် ရတဲ့ တနေ့တာ အလှူငွေရှာ တဲ့ စီမံချက် ကို အကောင် အထည် ဖေါ်ခဲ့တာ ၂၅ နှစ် ပြည့်ခဲ့ ပါပြီ။

ရရှိတဲ့ လုပ်အားခ ဝင်ငွေ တွေကို ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတွေ ကို ရွေးချယ် ထောက်ပံ့ကြရာမှာ ၂ဝ၁ဝ ခုနှစ်က မြန်မာနိုင်ငံ ကို ရွေးချယ်ခဲ့ပြီး၊ ၂ဝ၁၁ ခုနှစ်မှာ ထိုင်း မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ကလေးသူငယ်တွေ အတွက် ပညာရေး စရိတ် အကုန်အကျ ခံမဲ့ အကြောင်း၊ ဒိန်းမတ်ရောက် မြန်မာလူငယ် ကိုမြင့်ဝေ က ဘီဘီစီ ကို ပြောပြပါတယ်။

အဆိုပါ ကျောင်းသားတွေဟာ မြန်မာနိုင်ငံတွင်း သွားရောက်လေ့လာ သလို၊ ထိုင်းမြန်မာ နယ်စပ်လဲ သွားကြပါတယ်။ သူတို့ ရိုက်ကူးလာတဲ့ ဗွီဒီယိုတွေ၊ စလိုက် ရုပ်သေ ပုံတွေကို၊ ဒိန်းမတ်နိုင်ငံ တဝန်းရှိ ကျောင်းတွေကို လိုက်လံပြသယင်း စည်းရုံးသလို၊ မြန်မာ အဖွဲ့အစည်း ကိုလဲ ပြသပြီး အကြံတောင်းပုံ ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ကိုမြင့်ဝေက ရှင်းပြပါတယ်။

ဒိန်းမတ်အစိုးရပိုင်း ကလဲ အစိုးရ ရုံးတွေမှာရော၊ ပြင်ပ လုပ်ငန်းရှင်တွေ ကိုပါ၊ ဒီ တနေ့တာ ဝင်ငွေရှာတဲ့ ကျောင်းသားတွေကို ဝိုင်းဝန်း ပံ့ပိုးဖို့ အားပေး လှုံ့ဆော်ပါတယ်။