ဂီရိ ဒဏ်ခံ လယ်သမားတွေအတွက်ဆန် ဒေသခံ အာဏာပိုင်တွေ ကိုယ်ကျိုးသုံး

  • 2 ဇန်နဝါရီ 2011
Image caption လှူဒါန်းကြတဲ့ ဆန်တွေကို ကျေးရွာ အာဏာပိုင်တွေ ကိုယ်ကျိုးသုံး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ဂီရိ လေဘေးဒဏ်ခံကြောင့် ကျိုးပျက်ခဲ့တဲ့ တာတမံတွေကို နောက်လာမဲ့ မိုးရာသီမှာ စပါးစိုက်ပျိုးနိုင်အောင် လယ်သမားတွေ ကိုယ်ထူ ကိုယ်ထ ဆည်ဖို့ လိုပေမဲ့ ဆည်မဖို့နိုင်သေးဘဲ ရှိနေရပါတယ်။

အကြောင်းကတော့ လေဘေးဒဏ်ခံ လယ်သမားတွေအတွက် ထောက်ပံ့လှူဒါန်းကြတဲ့ ဆန်တွေကို ကျေးရွာ အာဏာပိုင်တွေက ကိုယ်ကျိုးအတွက် သုံးခဲ့ကြတာကြောင့် လယ်သမားတွေ အနေနဲ့ နေ့စဉ်နဲ့အမျှ စားရေး သောက်ရေးကို လုံးပမ်းနေရတဲ့အတွက် ဆည်ဖို့ပြီး စပါးစိုက်ဖို့ မပြင်နိုင် ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတာကို ကူညီထောက်ပံ့နေကြတဲ့ NGO အဖွဲ့တွေကို ပြောပြတဲ့ အခါ မှာလည်း အခုလို ပြသနာတွေဖြစ်နေရင် အကူအညီမပေးတော့ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့လို့ လယ်သမားတွေ ဘယ်သူ့ကို အကူအညီ တောင်းရမှန်း မသိ ဖြစ်နေကြရပါတယ်။