ဒုက္ခသည်တွေ အကူအညီ လျော့တော့မယ်

  • 5 ဇန်နဝါရီ 2011

ထိုင်းမြန်မာ နယ်စပ်မှာ မြန်မာ ဒုက္ခသည် တစ်သိန်းခွဲ လောက်ကို အကူ အညီ ပေးနေတဲ့ TBBC ခေါ် ထိုင်း မြန်မာ နယ်စပ် ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး အဖွဲ့ က အခု ၂၀၁၁ ခုနှစ် အတွက် ရရှိ နိုင်တဲ့ ရန်ပုံငွေ နည်းပါး တာ အပါအဝင် အကြောင်းကြောင်း တွေကြောင့် ဒုက္ခသည် တွေကို ပေးနေတဲ့ ကူညီ ထောက်ပံ့မှု တွေကို လျှော့ချရ တော့မယ်လို့ ပြောပါတယ်။

Image caption ထိုင်းမြန်မာ နယ်စပ်ကို အကြောင်း အမျိုးမျိုးနဲ့ ထွက် ပြေး လာကြတဲ့ မြန်မာ ဒုက္ခသည်များ

အကြောင်းကတော့ အလှူရှင်တွေဆီ က ရန်ပုံငွေ ရနိုင်မှု နည်းလာတာအပြင်၊ ငွေလဲနှုန်း တွေပြောင်းလာတာ၊ ကုန်ပစ္စည်း စျေးနှုန်း တွေကြီးမြင့် လာ တာ တွေကြောင့် အခုလို အကူအညီတွေ လျှော့ချ ရတဲ့အဆင့်ကို ရောက်လာတာလို့ TBBC က ဆိုပါတယ်။ အဲဒီလို လျှော့ချ တဲ့ နေရာမှာ ဒုက္ခသည်တွေ ကို အမိုး အကာ တည်ဆောက်ဖို့ ထောက်ပံ့ နေတာ တချို့ကို လျှော့ချ ရမယ့် အပြင် တချို့လူမှု အဖွဲ့ အစည်း တွေကို ဒီနှစ် အတွက် ပေးနိုင်မှာ မဟုတ်ဘူးလို့ အဲဒီ အဖွဲ့ရဲ့ ဒါရိုက်တာ Selly Thompson က ပြောပါတယ်။

ဒါ့အပြင် စားနပ် ရိက္ခာ အတွက် ကူညီ ပေးနေတဲ့ အပိုင်းမှာလည်း ဆန်လို ရိက္ခာမျိုး ပေးနေတာကို ၁၀ ရာခိုင်နှုန်း လောက်လျှော့ရ တော့မယ် လို့သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်သူ အများ အပြား က အဲဒီ နေရာတွေ မှာ ရောက်နေတာ ကြာပြီ ဖြစ်တဲ့ အတွက် သူတို့ အခက်အခဲကို သူတို့ကိုယ် တိုင် ဖြေရှင်း နိုင်တဲ့ တခြား နည်းလမ်းတွေ တော့ ရှိနေကြပါတယ် လို့ Selly Thompson က ပြောပါတယ်။

ဒါ့အပြင် TBBC အဖွဲ့ ကလည်း စိုက်ပျိုးရေး၊ အပါ အဝင် စားနပ် ရိက္ခာ ရနိုင်မယ့် အစီအစဉ်တွေ လုပ်ပေး နေတာတွေ ရှိပေမဲ့ အကူ အညီ ပိုပြီး လိုအပ် တဲ့သူ တွေ အတွက်တော့ သူတို့ အဖွဲ့ အနေနဲ့ စိုးရိမ် တယ်လို့ Selly Thompson ကပြောပါတယ်။