NLD ပါတီ ရပ်တည်ရေး အယူခံ ထပ်တင်

  • 13 ဇန်နဝါရီ 2011
U Nyan Win
Image caption အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖျက်သိမ်း မှုကို လက်မခံ

NLD ပါတီဟာ တရားဝင် ပါတီတခု အနေနဲ့ ဆက်လက် တည်ရှိ နေကြောင်း တရားရုံးက ဆုံးဖြတ်ပေး ဖို့ အတွက်အစိုးရ အပေါ် တရားစွဲဆို ထားတဲ့အမှု အယူခံလွှာ ကို နေပြည် တော်မှာ ရှိတဲ့ တရားရုံး ချုပ်က လက်ခံထား လိုက်ပြီလို့ NLD ရဲ့ ရှေ့ နေ တဦး ဖြစ်တဲ့ ဦးဉာဏ်ဝင်း ကပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်တဲ့ ရက်ချိန်း ကိုတော့ တရားရုံးရဲ့ ထုံးစံအရ နို့တစ်စာ ကပ်တာကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။

NLD ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ မှာပါဝင်ဖို့ မှတ်ပုံမတင်တဲ့ အတွက် တရားဝင်ပါ တီ အဖြစ်ကနေ ပျက်ပြယ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားတာဟာ ဥပဒေနဲ့ မညီကြောင်း နဲ့မြန်မာ အစိုးရဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ မှာတုန်းက NLD ပါတီ အနိုင် ရထားတဲ့ ရလာဒ်ကို အကောင်အထည် ဖော်ပေးဖို့ ပျက်ကွက်နေတာကို ဆောင်ရွက်ပေးဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ရအောင် NLD က တရားစွဲဆို နေတာဖြစ်ပါတယ်။ ဒီကနေ့ NLD ဖက်က လျှောက်လွှာကို ရှေ့နေ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်း တို့က နေပြည်တော်မှာ သွားရောက် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။