တာ့ခ်ခရိုင်မှ မြန်မာလူမျိုးတို့ အရေး

  • 18 ဇန်နဝါရီ 2011
burmese
Image caption ထိုင်းနိုင်ငံရောက် မြန်မာများ

တာခ့်ခရိုင်မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသား ထိုင်းနွယ်ဖွား လူပေါင်း တထောင် ကျော်ဟာ ထိုင်းနိုင်ငံသား အဖြစ် အသိအမှတ် ပြုတာခံရပေမဲ့ နိုင်ငံသား လျှောက်ရာမှာ နှစ်ပေါင်း ဆယ်နှစ်ချီ ကြာမြင့်ပေမဲ့ ပြည်ထဲရေး ဌာန က အသိအမှတ် မပြုတာကြောင့်၊ ထိုင်းပြည်ထဲရေး ဌာန ကို တရားစွဲဖို့ လုပ်နေပါပြီ။

မြန်မာဖက်ခြမ်း မြဝတီ မြို့နယ်အတွင်း ကွေ့ရှမ်းရွာတွေဘက်မှာ နေထိုင်တဲ့ ထိုင်းနွယ်ဖွား မြန်မာနိုင်ငံသားတွေဟာ ထိုင်းဖက်ခြမ်း မဲဆောက်၊ မဲလမတ် မြို့နယ်တွေမှာ အခြေချ နေထိုင်ရင် ထိုင်းနိုင်ငံသား အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာန မှာ လျှောက်ထားခွင့် ရှိပါတယ်။

ဒါကို ပြည်ထဲရေး ဝန်ကြီးဌာနက လုပ်ဆောင်မှု ကြန့်ကြာနေလို့ ထိုင်းရှေ့နေများ ကောင်စီက လူ့အခွင့်အရေး ဆိုင်ရာ အရာရှိ ရှေ့နေ စူရာဖုန်း ကောင်းကျန်းထွတ် က တရားစွဲဖို့ ပြင်ဆင်ပေးပုံ ကို ဘီဘီစီ ကိုရှင်းပြပါတယ်။

နိုင်ငံသားရဖို့နဲ့ ဧည့်နိုင်ငံသား လျှောက်ထားသူ တသောင်းကျော် စာရင်းဟာလဲ ပြည်ထဲရေး ဝန်ကြီးဆီမှာ ရှိနေပြီး၊ ပြည်ထဲရေး ဝန်ကြီးက လက်မှတ်မထိုးသေးတဲ့ အကြောင်းလဲ ထိုင်းရှေ့နေများ ကောင်စီက ပြောပါတယ်။