လွှတ်တော်မခေါ်မီ တိုင်းရင်သားပါတီမဟာမိတ်ဖွဲ့

  • 14 ဇန်နဝါရီ 2011
parliament
Image caption နေပြည်တော် လွှတ်တော်အဆောက်အဦး

ကျားဖြူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်း အမျိုးသားပါတီ နဲ့ ဖလုံ စဝေါ် ပါတီ အစရှိတဲ့ တိုင်းရင်းသား ပါတီ ငါးခု ဟာ၊ လွှတ်တော် မခေါ်မီ တွေ့ဆုံဖို့ စီစဉ်နေပါတယ်။

ရန်ကုန်မြို့ရှိ ကျားဖြူ ပါတီရုံးမှာ လာမဲ့ စနေနေ့ မှာ တွေ့ဆုံ ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။

အခုလို ဆွေးနွေးရမဲ့ အကြောင်းရင်း ကတော့၊ မကြာမီ ခေါ်ယူတော့မဲ့ လွှတ်တော်ထဲမှာ တိုင်းရင်းသားတွေ အနေနဲ့ သူတို့ အရေးကိစ္စ တသံထဲ ထွက်အောင် ပြောဆိုနိုင်ဖို့ နဲ့ စီးပွားရေး ပိတ်ဆို့မှု ဟာ အလုပ်မဖြစ်ဘူး ဆိုတဲ့ အကြောင်း တွေကို ကြေငြာချက် ထုတ်ဖို့ ရှိတဲ့အကြောင်း၊ ချင်းအမျိုးသား ပါတီ မှ အထွေထွေ အတွင်းရေးမှူး ဦးကျဲအိုဘစ်ထောင်း က ဘီဘီစီ ကိုပြောပါတယ်။

တိုင်းရင်းသား ပါတီတွေ အနေနဲ့ အားလုံးစုစည်းနိုင်ဖို့ ကိုလဲ ဆက်လက် ကြိုးစား လုပ်ဆောင်မဲ့ အကြောင်း ကျားဖြူပါတီ တာဝန်ခံ ကလဲ ဘီဘီစီ ကို ရှင်းပြပါတယ်။