မြန်မာ့ လွှတ်တော်အစည်းအဝေး စတင်ပြီ။

  • 31 ဇန်နဝါရီ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption National Democratic Force ပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း ( ဝဲ )နဲ့ သူ့လက်ထောက်

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်သစ် အစည်းအဝေး ဒီနေ့ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။

မဲမသမာမှုတွေ ပေါ်ထွက်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အနောက်နိုင်ငံ အစိုးရတွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း အဲဒီရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တကယ်အာဏာအစစ်ဟာ စစ်တပ်လက်ထဲမှာဘဲ ရှိနေသေးတယ် လို့ လေ့လာသုံးသပ်သူတွေက ဆိုနေပြီး လက်ရှိ စစ်တပ်အစိုးရ ကျောထောက် နောက်ခံ ပေးထားတဲ့ ပါတီက လွှတ်တော်ထဲမှာ အမတ်နေရာ အများစု အနိုင်ရ ထားတာ ဖြစ်ပါတယ်။

လွှတ်တော်ရဲ့ အမတ်နေရာ ၂၅ ရာခိုင်နှုန်းကိုလည်း စစ်တပ်က ရယူထားတာ ဖြစ်ပါတယ်။