စစ်​မှု​ထမ်း​ဥပဒေ ပြဌာန်း​ဖို့ လိုသလား

  • 14 ဇန်နဝါရီ 2011

စစ်အစိုးရက ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်လေးမှာပဲ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဌာန်းပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူ မြန်မာ အမျိုးသား၊ အမျိုးသမီး တိုင်း ဥပဒေအရ စစ်မှုထမ်းရမယ်လို့ ဆိုလာပါတယ်။

Image caption ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

မြန်မာနိုင်ငံမှာ ဒီဥပဒေပြဌာန်းဖို့ လိုပါသလား။

သောတရှင်တွေ ဘယ်လို ယူဆပါသလဲ။

သောတရှင်တွေရဲ့ အမြင် အမျိုးမျိုးတွေကို လာမဲ့ ဇန်နဝါရီလ ၁၉ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ် အတွေး ဆွေးနွေးအစီအစဉ်မှာ မျှဝေ ဆွေးနွေး ပေးဖို့ သောတရှင်တွေကို ဖိတ်ခေါ်အပ်ပါတယ်။

ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။