တောင်ရှည် ပုဆိုးတွေ ခေါင်းပေါင်း ကြီးတွေနဲ့

  • 16 ဇန်နဝါရီ 2011
Parliament dress code
Image caption ဗမာ့ ရိုးရာ ဝတ်စုံ ဆိုသော်ငြားလည်း.....

မြန်မာ နိုင်ငံမှာ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း ပထမဆုံးလုပ်မယ့် လွှတ်တော် အစည်းအဝေးကို ဇန္နဝါရီလ ၃၁ ရက်နေ့မှာ စတင်ဖို့ ကြေငြာလိုက်ပါပြီ။

လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ပထမလွှတ်တော်မှာ ဘာတွေ ဆွေးနွေး ရမယ် ဆိုတာ ရေရေ ရာရာ မသိသေး ပေမယ့် ဘာဝတ်စုံ ၀တ်ရမယ် ဆိုတာ ကိုတော့ အကြောင်းကြား ထားပါတယ်။

အမျိုးသားတွေက ရင်ဖုံးတိုက်ပုံအင်္ကျီ၊ မောင့်ကြက်သရေ ခေါင်းပေါင်းကြီးတွေကို ပေါင်းရုံသာ မက တောင်ရှည် ပုဆိုးတွေကိုပါ ဝတ်ရမယ်လို့ ဆိုပါတယ်။ အတောင်နှစ်ဆယ် မဟုတ်ပေမယ့် ဇာတ်မင်းသားတွေ ဝတ်သလို ဝတ်ရတော့မယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် တွေကတော့ ရင်ဖုံးအင်္ကျီ၊ ချိတ်ထဘီနဲ့ စုံချ ပုဝါ တွေ ဆင်မြန်း ကြရမယ်လို့ ဆိုပါတယ်။

ဝတ်စုံတစ်စုံကို တန်ဖိုး နှစ်သိန်း၊ သုံးသိန်း ထိုက်တန်တဲ့ ဗမာ့ ရိုးရာ အဝတ်အစားတွေ ဖြစ်ကြပေမယ့် အရပ်ထဲမှာ သာမန်လူတွေ ဝတ်ဆင် လေ့ မရှိကြတော့တဲ့ အတွက် ရှေးဝတ် ရှေးစား တွေ သဖွယ် ဖြစ်နေကြ ပါတယ်။