မြန်မာ့ လူ့အခွင့် အရေး ကုလ ဆွေးနွေး

  • 18 ဇန်နဝါရီ 2011
UN Human Right
Image caption ကုလ သမဂ္ဂ လူ့အခွင့် အရေး ကောင်စီ

ကုလသမဂ္ဂ လူ့ အခွင့် အရေး ကောင်စီ အောက်မှာ ရှိတဲ့ The Universal Peroidic Review (UPR) နိုင်ငံတကာ လူ့အခွင့်အရေး ပုံမှန် သုံးသပ်မှု အစည်း အဝေး မစခင်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေ အနေတွေကို ကြိုတင် ဆွေးနွေးနေပါတယ်။

ဇန်နဝါရီ ၂၇ ရက်မှာ ကျင်းပမယ့် ယူပီအာ အစည်းအဝေး မစခင် မြန်မာ့ လူ့အခွင့် အရေး အခြေ အနေတွေကို နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ချင်းလူ့အခွင့်အရေး အဖွဲ့ (CHRO) နဲ့ အဝေးရောက် ညွန့်ပေါင်း အစိုးရ တို့က ကိုယ်စား လှယ် တချို့က ကုလသမဂ္ဂ ဆိုင်ရာ နိုင်ငံတကာ သံတမန် တွေနဲ့ တွေ့ဆုံ ပြီး အလွတ်သဘော တင်ပြ ဆွေးနွေးမှု တွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကလေးစစ်သားကိစ္စ၊ တိုင်းရင်းသား အမျိုးသမီး တွေကို အဓမ္မပြုကျင့်မှု၊ နိုင်ငံရေး အကျဉ်းသားများ ဖမ်းဆီး နှိပ်စက်မှု၊ ဘာသာရေး ချုပ်ချယ်မှု စတဲ့ လူ့အခွင့် အရေး ဆိုင်ရာ ချိုးဖောက်မှု တွေနဲ့ ပြစ်တင် ဝေဖန်မှုကို ခံရတဲ့ နိုင်ငံ ဖြစ်ပါတယ်။