စစ်တပ် အမတ်ကိုယ်စားလှယ် စာရင်း ကြေညာ

  • 20 ဇန်နဝါရီ 2011
Image caption တပ်မတော် ကိုယ်စားလှယ် အားလုံးပေါင်း ကတော့ ၂၈၈ ဦး ဖြစ်ပါတယ်

လွှတ်တော် သုံးရပ်လုံး အတွက် စစ်တပ် က စေလွှတ်မယ့် လွှတ်တော် အမတ် စာရင်းကို ရွေးကောက်ပွဲ ကော်မရှင် က ကြာသပတေး နေ့ ညမှာ ထုတ်ပြန် လိုက်ပါတယ်။

ပြည်သူ့လွှတ်တော် အတွက် အမတ် ၁၁၀၊ အမျိုးသားလွှတ်တော်အတွက် ၅၆ ဦးနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအတွက် ၂၂၂ ဦး တို့ကို ထုတ်ပြန် လိုက်ကြောင်း မြန်မာ့ ရုပ်မြင် သံကြားက ကြေညာသွားပါတယ်။

အမည် စာရင်းတွေ ကိုတော့ မနက်ဖြန်ထုတ် သတင်းစာတွေမှာ ဖေါ်ပြသွားမယ်လို့ ဆိုပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသ လွှတ်တော်အတွက်ကတော့ ပြည်နယ်၊ တိုင်း အကြီး အသေးပေါ် မူတည်ပြီး စစ်တပ်အမတ် ၅ ဦးကနေ ၃၆ ဦးအထိ ပါဝင် တာကို တွေ့ရ ပါတယ်။

လွှတ်တော်အားလုံးအတွက် တပ်မတော် ကိုယ်စားလှယ် အားလုံးပေါင်းကတော့ ၂၈၈ ဦး ဖြစ်ပါတယ်။