လူ​ငယ်/လူ​လတ် စစ်ဗိုလ် ပါလီမန် အမတ်​တွေ ပါလာ​တာ ကောင်း​သလား

  • 22 ဇန်နဝါရီ 2011

လာမယ့်လွှတ်တော်တွေမှာ ပါလာမယ့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ စစ်ဗိုလ်ပါလီမန်အမတ်တွေဟာ ဗိုလ်ကြီး/ ဗိုလ်မှူးတွေဖြစ်တဲ့ လူငယ်/ လူလတ်တွေ ဖြစ်နေတာမို့ ဒီလိုလူငယ်/လူလတ်တွေ ပါဝင်လာတာဟာ မြန်မာ့နိုင်ငံရေး အနာဂတ် နဲ့ တိုင်းပြည်အတွက် ကောင်းကျိုး ဖြစ်စေနိုင်ပါသလား၊

Image caption လူငယ်စစ်ဗိုလ်တွေဟာ နိုင်ငံ့အတွက် အလုပ် လုပ်ကြမှာလား၊ အမိန့်အတိုင်း လုပ်မှာလား

လူငယ်/ လူလတ် စစ်ဗိုလ် ပါလီမန် အမတ်တွေ ပါလာတာကြောင့် လွှတ်တော်တွင်းမှာ အမတ်တွေကြား ပိုပြီး ပူးပေါင်း ဆောင်ရွက် လုပ်ကိုင် နိုင်ကြမလား ဆိုတာတွေကို ဆွေးနွေး ကြမှာမို့ သောတရှင်တွေကို ပါဝင်ဆွေး နွေးဖို့ ဖိတ်ခေါ်ပါတယ်။

လာမယ့် ဇန်နဝါရီလ ၂၆ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။