ကုလသမဂ္ဂ အနေနဲ့ ရဲရင့်ဖို့လို

  • 26 ဇန်နဝါရီ 2011
human_rights_watch_hrw_executive_director_kenneth_roth
Image caption ကုလသမဂ္ဂ အနေနဲ့ ရဲရဲလုပ်ဖို့ Human Rights Watch ကပြော

ဂျနီဗာ မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ရဲ့ နိုင်ငံတကာ နဲ့ပတ်သက်ပြီး လူ့အခွင့် အရေး ဆိုင်ရာ ပုံမှန် သုံးသပ် အကဲဖြတ် တဲ့ အစည်းအဝေး (UPR) ကျင်းပဖို့ နီးကပ်လာတဲ့ အခုလို ကာလမှာ Human Rights Watch အဖွဲ့ က မြန်မာ ပြည် ရဲ့ လက်တွေ့ အခြေအနေ တွေ ကို ကုလသမဂ္ဂ က ဂရုစိုက် ဖို့ လိုကြောင်း နဲ့ လိုက်နာ ဖို့ အမြဲ ပျက်ကွက်နေတဲ့ စစ်အစိုးရ ရဲ့ ကတိ တွေကို ဆင်ခြင် ဖို့ လို တယ် လို့ ပြောဆို လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်ပိုင်း လူအများက မြန်မာ အစိုးရ အနေနဲ့ အပြောင်းအလဲ တွေလုပ်လာပြီ လို့ ထင်မြင်လာကြတယ်၊ တကယ် က လူ့အခွင့် အရေး အခြေအနေ နဲ့ ပတ်သက်ပြီး ပြောင်းလဲမှု လုံးဝမရှိဘူး လို့ Human Rights Watch အဖွဲ့ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် တဦးဖြစ်တဲ့ မစ္စတာ ဘရက် အဒမ် က ဘီဘီစီ ကို ပြော ပါတယ်။

ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှု တွေက ပုံမှန် ဖြစ်ရိုးဖြစ်စဉ် အရေးကိစ္စ လို ဖြစ်နေဆဲ ဖြစ်ပြီး လွတ်လပ် စွာ ရေးသားနိုင်ခွင့်၊ ပြောဆို နိုင်ခွင့် တွေ က မြန်မာပြည်မှာ ဆိတ်သုဉ်း ဆဲပဲ လို့ သူ က ဆိုပါတယ်။

ကုလသမဂ္ဂ အနေနဲ့ မြန်မာ ပြည် လူ့အခွင့် အရေး တိုးတက် လာစေရေး အတွက် ရဲရဲ ရင့်ရင့် ဆောင်ရွက်ဖို့ လို အပ်တယ် လို့ လည်း မစ္စတာ အဒမ် က ပြောပါတယ်။