အသေ ဘယ်လောက် ခက်​သလဲ

  • 27 ဇန်နဝါရီ 2011

နေရေးထက် သေရေးခက် ဆိုသလို မြန်မာပြည်မှာ သေတဲ့အခါ ဘယ်လောက် ဒုက္ခရောက်ရပါသလဲ။ သင်္ဂြိုဟ်စရိတ် မတတ်နိုင်လို့ လူ့ဘဝရဲ့ နောက်ဆုံးခရီးမှာ ဘယ်လောက်တောင် ဒုက္ခရောက်တွေ ဖြစ်နေကြပါသလဲ။

Image caption မလွယ်တဲ့ နောက်ဆုံးခရီးကို လွယ်အောင် လုပ်ပေးသူတွေ ခက်ခဲနေတာ ဘာကြောင့်လဲ

ဒီလို ဒုက္ခရောက်သူတွေကို နိုင်သလောက် ကူညီပေးနေတဲ့ နာရေးကူညီရေး အသင်း အဖွဲ့တွေမှာရော ဘယ်လိုအခက်အခဲတွေ၊ ဖိအားတွေ ရှိနေပါသလဲ။

ဒီသေခြင်းနဲ့ပတ်သက်တဲ့ အကြောင်းတွေကို လာမယ့် ဖေဖော်ဝါရီလ ၂ ရက်၊ ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေး ဖလှယ် အစီအစဉ်မှာ ဆွေးနွေးကြမှာမို့ သောတရှင်တွေ ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။