ဒီကေဘီအေ ဗဟိုလုံခြုံရေးတပ်ကို နအဖဖိတိုက်

  • 28 ဇန်နဝါရီ 2011
dkba
Image caption ဒီကေဘီအေတပ် ကို နအဖ ထိုးစစ်ဆင်

ကရင်ပြည်နယ် မြဝတီတောင်ဖက်၊ မိုင် ၃ဝ ကျော် မှာရှိတဲ့ ဦးကလေးထ နေရာရှိ ဒီကေဘီအေ တပ်တွေကို နအဖ အစိုးရတပ် က စစ်ကြောင်း လေးကြောင်း နဲ့ ထိုးစစ်ဆင်နေပါတယ်။ ခမရ ၄ဝ၁၊ ၄ဝ၃၊၅၈၆ နဲ့ ခလရ ၂၉၉ က တပ်ရင်း က စစ်ကြောင်း တွေနဲ့ ဝိုင်းတိုက်နေတါပါ။

ဒီကေဘီအေ တပ်စခန်းတွေ အခုလို ထိုးစစ်ဒဏ် ခံနေရတဲ့ အတွက်၊ ဒီစခန်းတွေ ရဲ့ အရေးပါမှု နဲ့ ပတ်သက်ပြီး တိုက်ပွဲ အခြေအနေ စောင့်ကြည့် နေတဲ့ KNU တပ်မှူး ဗိုလ်မှူးကြည်အောင်က၊ဦးကလေးထ နေရာဟာ ဒီကေဘီအေ ၉ဝ၂ နဲ့ ဗဟိုလုံခြုံရေးတပ် တွေ ရှိနေကြောင်း၊ ဒီတပ်တွေက ဗိုလ်နှုတ်ခမ်းမွှေး ရဲ့ လေးဂေါ် ဌာနချုပ်ကို အကာအကွယ် ပေးထားလို့ ဒီနေရာ ကျသွားရင်၊ ဒီကေဘီအေ ဗဟို ဌာနချုပ် ကို နအဖ တပ်တွေ သိမ်းဖို့ လမ်းပွင့် သွားနိုင်ကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

အခုလို ဒီကေဘီအေ ဌာနချုပ် ကို နအဖ အနေနဲ့ သိမ်းပိုက်နိုင်တဲ့ တိုင်အောင်၊ နယ်မြေကျွမ်းတဲ့ ဒီကေဘီအေတပ် အနေ နဲ့ ပြောက်ကြား စစ်ဆင်ရေး ဆင်နိုင်သေးလို့ တိုက်ပွဲ တွေ ဆက်လက်ဖြစ်နိုင်သေးကြောင်း သိရပါတယ်။