ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမနေ့ သုံးသပ်ချက်

  • 1 ဖေဖော်ဝါရီ 2011
shwemann ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်သူ့လွှတ်တော် ဉက္ကဌ သူရ ဦးရွှေမန်း

မနေ့က စတင် ကျင်းပတဲ့ မြန်မာ့လွှတ်တော် အစည်းအဝေး မှာ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း ကို အများ တွက်ဆထားသလို ဒုတိယ သမ္မတ ရာထူး ဒါမှမဟုတ် ကာကွယ်ရေး ဦးစီးချုပ် ရာထူး ခန့်အပ်မယ်လို့ ထင်ကြေး ပေးနေကြပေမဲ့ ပြည်သူ့လွှတ်တော် ဉက္ကဌ သာအရွေးခံရတဲ့ အပေါ် လန်ဒန်စီးပွားရေး တက္ကသိုလ် မှ မြန်မာ့အရေး ကျွမ်းကျင်သူ ဒေါက်တာဇာနည်က စစ်တပ်အပေါ်မှာ ကိုင်တွယ်နိုင်ရေး ဟာ အရေးပါပုံ ဘီဘီစီ ကိုရှင်းပြ ပါတယ်။

ဦးသူရရွှေမန်း အနေနဲ့ စစ်တပ် အပေါ် သြဇာ ဘယ်လောက်ညောင်းသလဲ၊ စစ်တပ်ကရော ဘယ်သူပေးတဲ့ အမိန့်ကို နာခံမလဲ၊ အမိန့်ပေးနိုင်သူ ဗိုလ်ချုပ်နဲ့ အမိန့်နာခံသူ ဗိုလ်ချုပ်တွေက လွဲရင်၊ ကျန်တဲ့ ဗိုလ်ချုပ်တွေ ဟာ အထက်က ကြိုးဆွဲရာ က ကြသူတွေသာ ဖြစ်ကြောင်း၊ သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း ပြောစကား ကို ဒေါက်တာဇာနည် ကိုးကား ရှင်းပြသွားပါတယ်။

တိုင်းရင်းသား အမတ်တွေ အနေနဲ့ လဲ ပြည်သူ့လွှတ်တော်မှာ ရော၊ ပြည်နယ် နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ ဉက္ကဌ တွေအဖြစ် ရွေးချယ်ခြင်း မခံရခြင်းမှာ စစ်ခေါင်းဆောင်တွေက တိုင်းရင်းသားတွေကို ကျွေးတာစား၊ ပေးတာယူ အဆင့်ကလွဲလို့ တန်းတူညီမျှရေး၊ ချစ်ကြည် စည်းလုံးရေး ဦးစားမပေးပုံ ကို ဒေါက်တာဇာနည် က ပြောပြပါတယ်။