ဒုတိယသမ္မတများကို အဆိုပြုကြပြီ

  • 1 ဖေဖော်ဝါရီ 2011
thein sein
Image caption လက်ရှိ နအဖ ၀န်ကြီးချုပ်လည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်

ဗိုလ်ချုပ်ကြီးဟောင်း ဝန်ကြီးချုပ် ဦးသိန်းစိန်၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟ သူရ တင်အောင်မြင့်ဦး၊ ရှမ်းပြည်နယ် ကြံ့ခိုင်ရေးပါတီက ဒေါက်တာ စိုင်းမောက်ခမ်း၊ RNDP ရခိုင်တိုးတက်ရေးပါတီက ဒေါက်တာ အေးမောင်၊ ကရင်ပြည်နယ် ဖလုံစဝေါ်ပါတီက စောသိန်းအောင် တို့ကို အဆိုပြုခံရပါတယ်။

အမျိုးသားလွှတ်တော်က နှစ်ဦး၊ ပြည်သူ့လွှတ်တော်က နှစ်ဦး နဲ့ ပြည်ထောင်စုလွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က တစ်ဦး အဆိုတင်သွင်းခဲ့ကြပါတယ်။

ဦးသိန်းစိန်နဲ့ ဦးစောသိန်းအောင် တို့ကို ရွေးချယ်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက အဆိုတင်ခဲ့ကြပြီး ဒေါက်တာအေးမောင် နဲ့ ဒေါက်တော စိုင်းမောက်ခမ်း ခေါ် မောင်အုန်းတို့ကို အရွေးချယ်ခံ အမျိုးသားလွှတ်တော်အမတ်တွေအဆိုတင်ခဲ့ကြပါတယ်။ သီဟ သူရ ဦးတင်အောင်မြင့်ဦးကိုတော့ ပြည်ထောင်စုလွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်း ခွဲတမ်းရ တပ်မတော်သားကိုယ်စားလှယ်တွေက အဆိုတင်ခဲ့ကြပါတယ်။

ဦးသိန်းစိန်ကတော့ လက်ရှိ နအဖဝန်ကြီးချုပ်လည်း ဖြစ်သလို ပြီးခဲ့တဲ့နှစ်ကထိ စစ်တပ်တွင်းမှာ နံပါတ် ၄ နေရာမှာ ရှိခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ နအဖ အတွင်းရေးမှူး ၁ ဖြစ်တဲ့ သီဟ သူရ ဦးတင်အောင်မြင့်ဦးကလည်း စစ်တပ်ထဲမှာ နံပါတ် ၅ နေရာမှာ ရှိခဲ့သူ ဖြစ်ပါတယ်။

- - -

သတင်းအပြည့်အစုံကို ဘီဘီစီ ညပိုင်းအစီအစဉ်တွင် နားဆင်နိုင်ကြပါတယ်။ အင်တာနက်စာမျက်နှာတွင်လည်း မကြာခင် ဖော်ပြမှာ ဖြစ်ပါတယ်။